Part (3)

1K 56 0
                                    

မိုးသား တိမ်ရိပ်

🌸pann

Part (3)

" သားသား.. "

" ဟွန် "

" ဘာလို့ မျက်ရည်ကျနေတာလဲ.. "

" ဟွန်..အင် "

သားသား မျက်ရည် တွေ သုတ်ပစ်လိုက်ကာ ပြုံးလိုက်သည် ။

" ငရုတ်သီး စားမိလို့ဟ.. "

" ဟုတ်လား.. မိုးသူ အရမ်းမထည့်ထားပါဘူး "

" ပြောမနေနဲ့ မိုးသူရေ.. သူက ငရုတ်သီး နည်းနည်း များများ မစားနိုင်ဘူး ဒီဟင်း မစားနဲ့တော့ တခြားဟင်းနဲ့ပဲ စားတော့ "

ဒေါ်လေးက ဟင်းခွက်ပြောင်းတော့ သားသား ခေါင်းကုတ်ကာ ရယ်နေမိသည် ။

စိတ်ထဲမှာတော့ နေလင်း စကားများသာ...

" ဟျောင့်.."

" ဟွန်.. "

" မင်းက ဘာလို့မျက်ရည် ကျနေတာလဲ "

" စပ်လို့ဟ.. "

" စပ်တယ် "

" အေး.. "

" မှန်းစမ်း.. ငါ စားကြည့်မယ် "

" ရော့.. "

" ဘာမှလည်း မစပ်ပါဘူးကွာ.. ပါတယ်ဆိုရုံလေး ပါတာ "

" မသိဘူး.. စပ်တယ်ဟ "

" မင်းနဲ့ "

" ငါကမှ အစပ် မစားနိုင်တာ.. "

" ဘယ်လို.. မင်းက "

" အေး.. "

" အစပ် မစားနိုင်ဘူး.. "

" ဟုတ်ပါတယ် ဆိုမှကွာ "

" ဟားဟား.. "

ငါ့ကို ဟားတိုက်ရယ်နေခဲ့တဲ့ မင်းကတော့ ငါ့အနားမှာ အခု မရှိတော့ပါဘူးလေ..။

သားသား မျက်ရည်က ငရုတ်သီး ထပ် နေလင်းကြောင့် မျက်ရည် ပိုကျနေတာ ဒေါ်လေး သိရင် ဒေါ်လေး အခုလိုပဲ နေလင်းအစား တခြားတစ်ယောက် ကို အစားထိုး ထည့်မှာလား.. ။

ဟင်းခွက်သာ ဒေါ်လေး ပြောင်းပေးလို့ ရချင်ရမယ်.. နေလင်းအစား တခြားတစ်ယောက် ကိုတော့ ဒေါ်လေး အစားထိုးနိုင်မှာ မဟုတ်ဘူး ။

သားသား တစ်ယောက်ထဲ စိတ်ထဲ စကားပြောပြီး ထမင်းကိုသာ ဆက်စားနေလိုက်သည်..

မိုးသား တိမ်ရိပ် (Unicode)Where stories live. Discover now