Part (27)

1K 47 1
                                    

မိုးသား တိမ်ရိပ်

🌸pann

Part (27)

" ဟော..သားတို့ လာကြ အိမ်ထဲ ထိုင်ဦး "

" အန်တီ သားသားရော.. "

" အိမ်ပဲရောက်နေပြီ.. တော်ရုံအဖြစ်သည်း "

" ကြည့်မရဘူးနော် ကြာရင် ပြောမိတော့မယ် "

" ငါတော့ ပါးစပ် တွေ ယားနေပြီ.. "

သူတို့ပြောလည်းပြောပါစေ.. နေလင်း တို့က ဂရုမစိုက်ပေါင်

သည်းတယ်ပြောပြော ပိုတယ်ပြောပြော ဘယ်လိုပုဒ်မတပ်တပ် ကိုယ်တို့က သားသားမှမဟုတ်ရင် ဥပေက္ခာ စာရင်းထဲ အော်တိုမစ်တစ် ထည့်လိုက်ပြီးသားမို့..။

သားသား အမေကတော့ပြုံးပဲပြုံးနေပါသည်.

" အနောက်က သူ့အခင်းတွေ ကြည့်နေတာ နေမယ်.."

" ကျွန်တော် လိုက်သွားလိုက်ဦးမယ် နော်.."

နေလင်း သားသားအမေကို ခွင့်တောင်းပြီး နောက်ဖေးဘက် ထွက်ခဲ့သည်..။

ခွေးကောင် သားသား အရိပ်လည်း မတွေ့ပါဘူး..

"ဗွမ်း.."

" သားသား.. "

နေလင်း အခင်းတွေနား ရေသံကြားတာနဲ့ သားသားရေလောင်းနေတယ် အထင်နဲ့ သွားကြည့်လိုက်တာ အထင်နဲ့အမြင်က တလွဲစီ...

ဒီအကွက်က အခန့်မသင့်ရင် ပါးကွဲမယ့်ကိန်း..။

" ဟင်.. "

နေလင်းလည်း ရပ်နေတဲ့ နေရာတင် ကြောင်ပြီး ရှေ့ပဲတိုးရမလို ရပ်ပဲရပ်နေရတော့မလိုနဲ့.. အကြံအိုက်နေရသည် ။

သားသားလည်း ရေချိုးနေတုန်း နေလင်းက ရှေ့မှာ ဘွားခနဲပေါ်လာတော့ ရေခွက်ကိုင်ရင်း ဆက်လည်းကိုယ်ပေါ် မလောင်းဖြစ်ဘဲ ယောင်ပြီး ရေခွက်ပဲ ကိုင်ထားနေမိတာလေ..

သေတော့မှာပဲ.. ရှက်လိုက်တာ ။

သားသား မျက်နှာ တခဏအတွင်း မျက်နှာတွေ နီစုပ်လာရပြီ..

နေလင်းလည်း အမြန်သတိကပ်ပြီး နောက်ကျောပေး လှည့်လိုက်သည်..

" ဆောရီး.. ငါ.. ငါက မင်းရေလောင်းနေတယ် မှတ်လို့ "

" ဟွန် ..အင် "

မိုးသား တိမ်ရိပ် (Unicode)Where stories live. Discover now