Part (16)

753 48 0
                                    

မိုးသား တိမ်ရိပ်

🌸pann

Part (16)

" မဖြစ်နိုင်တာ.."

".... "

" ဟုတ်တယ်.. မဖြစ်နိုင်ဘူး "

နေလင်း ခြောက်ခြားစွာ အမြန်ကားဆီ ပြေးလာပြီး မောင်းထွက်ခဲ့သည်

ဒီကောင့်အိမ်သွားတော့ အန်တီက ရပ်ကွက် ထိပ်က ကွင်းပြင်မှာ ရှိမယ်တဲ့..။

အမှန်ဆို မတွေ့ရင်ပြန်လှည့်ပြန်မလို့ကို..မတွေ့တာ ကြာတာနဲ့ အဒေါ်တို့ကို နှုတ်ဆက်ပြီး ကားမောင်းထွက်ခဲ့တာလေ..

ရောက်တော့ ကလေးတစ်ယောက် နဲ့ မြက်ခင်းပြင်ပေါ် ဘာမှမပါဘဲ ထိုင်ချ နေတာက ခြေပစ်လက်ပစ်..။

ပြောဖို့ အပြေးမောင်းတင်ပြေးသွားခဲ့ပေမယ့် အနီးရောက်တော့ ကြားလိုက်ရတဲ့စကားက တုန်လှုပ်စွာ..။

ငါ့ကို ကြိုက်နေတာဆိုပဲ..

မဖြစ်နိုင်တာ..။

သားသား မင်းလျှောက် စ နေတာမလား..

မင်းလို ဟိုမကျ ဒီမကျက ငါ့ကိုကြိုက်နေတာတဲ့လား..။

ဘယ်တုန်းကတည်းကလဲ..

ဘယ်အချိန်ကစ ပြီးလဲ..။

" မင်းက အချစ်ကို ပညတ်ချက်နဲ့ တိုင်းတာ တာလား.."

သားသား စကားတွေ ပြန်ကြားယောင်မိသည်..။

" မဟုတ်ဘူး.. အချစ်က အပေါ်ယံ ပညတ်ချက်နဲ့ တိုင်းတာ တာ မဟုတ်ဘူး ရင်ထဲနှလုံးသားထဲက ဖြစ်တည်လာတာနဲ့ တိုင်းတာ တာ "

သားသား အပြော..သားသား အကြည့်တွေ..

ဟာ...။

နေလင်း မျက်လုံး တွေ ပိတ်ချ လိုက်မိသည်..။

မရဘူး သားသား..မရဘူး

မင်း ငါ့ကို ချစ်လို့ မရဘူး..။

ဒါ ငါသတ်မှတ်ထားတဲ့ စံနှုန်းနဲ့မို့ မရတာ မဟုတ်ဘူး..

အပေါ်ယံ ပညတ်ချက်နဲ့ တိုင်းတာ နေလို့ မဟုတ်ဘူး..။

မင်းက ငါက ရိုးရိုးသားသား သူငယ်ချင်း လိုပဲ သတ်မှတ်ထားတာ..

အဲ့ထပ် အဆင့်တက်ဦးဆို ညီလို ခင်တာ..

ဒီထိပဲ..။

မိုးသား တိမ်ရိပ် (Unicode)Where stories live. Discover now