Part (13)

751 44 0
                                    

မိုးသား တိမ်ရိပ်

🌸pann

Part (13)

သားသား ဒေါ်လေးဝယ်ခိုင်းတဲ့ ငပိစိမ်းထုတ် ဝယ်ပြန်လာတော့ ပုံးတွေ ဂေါ်တွေနဲ့ အုပ်စုလိုက် ချီတက်လာတဲ့ ဥက္ကဋ္ဌ တို့..

" ဥက္ကဋ္ဌ ဘာလုပ်မလို့လဲ.."

" လမ်းခင်းမလို့လေ "

" ဒါဆို သားသားလည်း ကူမယ်လေ.."

" အေး.. လာလေ လူအင်အားများတော့ ပွဲစည်တာပေါ့ "

" ဟုတ်ကဲ့.. သားသား ဒါပို့ပြီး လာခဲ့မယ် "

" အေး "

သားသား အိမ်ကို အပြေးလေး ပြန်သွားလိုက်သည်..။

" ဒေါ်လေးရေ.. ဒေါ်လေး "

" ရေ.. ဘာလို့ ဖင်ပိတ်အော်နေတာလဲ "

" ဒီမှာ ငပိထုတ် ထားခဲ့ပြီနော်.. "

" ဟဲ့.. နင်က ဘယ်ကြွဦးမလို့လဲ "

" လမ်းထိပ်ပါဗျာ.. ဥက္ကဋ္ဌ တွေနဲ့ လမ်းခင်းကူမလို့ "

" အေးအေး.. ကောင်းသားပဲ ဦးထုပ်ဆောင်းဦးနော် "

" လက်စွဲတော်က မပါမဖြစ်ပါဗျ..သားသား သွားပြီ အမေမေးရင် ပြောလိုက်ဦးနော် "

သားသားအော် ပြောပြီး အမြန် ထွက်လာခဲ့သည်..။

လမ်းသွားခင်းကူတော့ လူတွေတောင် တော်တော်စုံနေပြီ..

" ဟာ ပျိုကြီး.. ရောက်နေပြီလား "

" အေးလေ ရပ်ကွက် ကောင်းစားဖို့ရေး လုပ်ရမှာပေါ့.."

" ကောင်းတယ် ကောင်းတယ် "

သားသား ဝင်ပြီး လမ်းညှိကူလိုက်သည်..။

.

" သားသားရေ..သားသား "

" ရေ..ဘယ်သူလဲကွယ့် "

ဒေါ်ယဉ်လှ အိမ်နောက်ဖက်ကနေ ပြေးထွက်ကြည့်ရသည်..။

" သြော် ဘယ်သူများလဲလို့.. သား တို့ပါလား "

" ဟုတ်ကဲ့.. သားသား ရှိလားဗျ "

" သားသားက လမ်းသွားခင်းကူတယ်.."

" ဗျာ.."

နားထဲ ကြားလိုက်ရတဲ့ သတင်းက တစ်မျိုးကြီး ဖြစ်သား...။

မိုးသား တိမ်ရိပ် (Unicode)Where stories live. Discover now