Part (23)

871 48 0
                                    

မိုးသား တိမ်ရိပ်

🌸pann

Part (23)

" ဟတ်ချိုး.."

" မင်းကလည်း ချီလိုက်တဲ့ အချီ..ဘာဖြစ်တာလဲ "

" အေးလေ မင်းကြည့်ပြီး ငါတို့ပါ ပါးစပ် တဟဟဖြစ်နေပြီ.. "

" ငါ..ဟက်ချီး.. "

ချီပြန်ပြီ စကားကို မပြောကို မပြောရဘူး..။

ကိုယ့်ကိုယ်လည်း စိတ်မရှည်တော့ပါဘူးဆိုမှ ဒီကောင်တွေ တစ်ယောက်တစ်ပေါက် ပေါက်ပေါက်ဖောက်နေတာနဲ့တင် နားညီးနေပြီ..

သူငယ်ချင်း ကို ကူမယ်မရှိဘူး..ပွစိပွစိ ပြောဖို့ပဲ ချောင်းနေတာ တော်သေးတာပေါ့ လူငယ်တစ်ကိုယ်တည်းတွေပဲ ရှိသေးတာမို့.. အသက်သာကြီးကြီး လူပျိုကြီး တစ်ကိုယ်ထဲ ဖြစ်ကြကြည့်ပါလား တော်တော် လေပစ်ဒုတ်ထိုးအိုးပေါက် လုပ်နိုင်မယ့်ကောင်တွေ..။

" မနေ့က တွေ့တဲ့ထိ အကောင်းပါ.. "

" ဟိုမှာ သားသားလာနေပြီ "

နေလင်း နောက်လှည့်ကြည့်တော့ သားသားကို တွေ့တာနဲ့ မျက်နှာက အလိုအလျောက်စနစ်အရ ပြုံးမိတော့ ဟိုကောင်တွေက ဖိသေးသည်..။

မတတ်နိုင်ဘူး.. အလိုအလျောက်စနစ်မို့..

သားသား လွယ်အိတ်ကို မလွယ်ဘဲ လက်ကကိုင်ပြီး ပြေးကာ နေလင်းဘေးနား ဝင်ထိုင်လိုက်သည်..။

" မင်း ကျူ ရှင်ပြီးပြီလား.. "

" အင် ပြီးတာနဲ့ ဒီကို တန်းလာတာ.. "

သားသားတို့လည်း စာမေးပွဲ ဖြေတော့မှာမို့ တစ်လအနီးကပ် ကျူ ရှင်တွေ ဖွင့်နေပြီလေ..။

အခု ကျူ ရှင်ဆင်းတာနဲ့ ဒီကို ပြေးလာတာ.. နေလင်း ကိုတွေ့တော့ ဒီကိုဂျင် ဖြစ်ပြီ..

" မောနေတာလား..ရော့ သောက်ဦး "

" ဟင့်အင်း.. မင်းကိုတွေ့တာနဲ့ ဒီကိုဂျင် ဖြစ်သွားပြီ "

" ဘယ်လို ဘာဖြစ်တယ် သားသား..."

နေလင်းကတော့ ပြုံးနေပေမယ့် သန့်ဇင်တို့ကတော့ အူကြောင်ကြား တွေ လုပ်နေတာလေ ။

" အားဖြစ်တယ်ဆို အားဖြစ်တယ်ပေါ့.. "

" အမောပြေတယ်ဆို အမောပြေတယ်ပေါ့ "

မိုးသား တိမ်ရိပ် (Unicode)Where stories live. Discover now