Part (14)

744 46 0
                                    

မိုးသား တိမ်ရိပ်

🌸pann

Part (14)

" ကျွန်တော် ရူးရူးမူးမူး ချစ်ရတဲ့ ကောင်ကလေးအကြောင်း.. ဒီဂီတာလေးနဲ့ သူသိအောင် ဆိုပြမယ် "

သားသား တံမြက်စည်း လှဲလိုက်..သီချင်းဟဲရင်း ရယ်လိုက် ပြုံးလိုက်နဲ့ အလုပ်များနေသည်

" ဟိုကလေးလေးဘဝက အခုထက်ထိ သူဘာတွေလုပ်တယ် ဘယ်လိုရှိတယ် သူ့အကြောင်း တွေ အကုန်စုံစမ်းမယ်.."

လုပ်ပြန်ပြီ.. တံမြက်စည်း လှည်းရင်း ကိ်ုယ်ကိုတစ်ပတ်လည်ပြီး ရယ်နေပြန်သည် ။

" အမြဲတမ်းနောက်က တကောက်ကောက်လိုက်.. ကျန်တာတွေခေါက်လိုက် သားသားအချိုးတွေပြောင်း သူ့ကိုရင်ခုန်မိပြီး နောက်ပိုင်း ..အမြဲတမ်းသူ့ကြောင်းတွေးတွေး အလွှာတွေအလွှာတွေ ဝေးဝေး..အားလုံး ဆွဲပြီး ချုပ်ပစ်လိုက်မယ် causes love you baby... "

သားသား သွားစွယ်လေးပေါ်အောင် ရယ်နေပြန်သည်..။

" သိပ်ချစ်မိနေတာ.. ယူပါနော်ကွာ မင်းအတွက် ထောင့်ငါးရာ ဘယ်သူကိုမှ မပေးဖူးခဲ့တာပါ မင်းတစ်ယောက် ထဲသာ ဒါပထမဆုံး နဲ့ နောက်ဆုံးသာ..သူက သူက မိုနာလီဇာ အပြုံးနဲ့ ဟားဟား.."

သားသား သီချင်းဆိုရင်း အော်ရယ်မိသည်..။

မိုနာလီဇာ အပြုံးတဲ့..

ဟားဟား...။

" ဟဲ့ သားသား.. ဘာလို့ အဲ့လောက်အော်ရယ်နေတာလဲ အနောက်က ငါတောင် အတိုင်းသားကြားရတယ် "

" ဟားဟား..ဒေါ်လေး "

သားသား ဒေါ်လေးကို ပြေးဖက်ပြီး ဒေါ်လေးကိုယ်ကို လှုပ်ရမ်းနေလိုက်သည်..

" ဟဲ့..ဟဲ့ သားသား ဘာလုပ်တာလဲ လွှတ်စမ်း "

" ဟားဟား.. "

" ဟဲ့ သားသား..လွှတ်စမ်းဆို "

" ဟားဟား.. "

သားသားတို့ကတော့ အခုထိ ရယ်မောလို့ ကောင်းနေတုန်း..။

" သားသား.. "

" ဗျာ ဗျ.. "

" အမြင်ကပ်ဖို့ကောင်းအောင် ပြောင်စပ်စပ်နဲ့ လုပ်မနေစမ်းနဲ့.. လွှတ်စမ်းဆို "

မိုးသား တိမ်ရိပ် (Unicode)Where stories live. Discover now