Arc_1.3

8.7K 1.2K 5
                                    

#Unicode

သူ့ကို အတင်းတွယ်ကပ်ပြီး အိမ်မပြန်ဘူးလုပ်နေတဲ့ မက်စ်ကို အတင်းနှင်ထုတ်ပြီးချိန်မှာ ကောင်းကင်ကိုကြည့်လိုက်တော့ မှောင်မိုက်နေပြီ။ ဘာမှလဲမစားရသေးဘူး။
ဘာများရှိမလဲလို့ မွှေနှောက်ပြီးကြည့်လိုက်တော့ မီးလင်းဖိုပေါ်မှာ တင်ထားတဲ့ အသားကိုပဲတွေ့သည်။ ဘာအသားလဲဆိုတာလဲ မသိတော့ မစားရဲပေ။ အဲ့ဒါကြောင့် အဲ့အသားစိမ်းကို သူ့နေရာမှာ ပြန်ချထားလိုက်ပြီး ဗိုက်အဆာခံပြီးပဲ နေလိုက်တော့သည်။
မနက်ကျမှပဲ တခုခုရှာပြီး စားလိုက်ပါတော့မယ်လေ.... အခုကျတော့ မိုးတော်တော်ချုပ်နေပြီး အိပ်ချိန်တောင်ရောက်နေပြီ။
တော်ကြာ အကောင်တစ်ကောင်ကောင်နဲ့ တွေ့ပြီး သေနေမှဖြင့် ရွိုင်းရဲ့ ဝိညာဥ်လဲမရပဲ ဖြစ်နေလိမ့်မယ်။ အိပ်တာပဲကောင်းပါတယ်လေ..
အိပ်ယာပေါ်တက်ပြီးပဲ အိပ်လိုက်တော့သည်။

မိုးလင်းတော့ သူနိုးလာတယ်။
အချိန်ကတော့ ဘယ်အချိန်ရှိပြီလဲတော့ မသိပေ။
ထပြီးတော့ မျက်နှာသစ် ရေချိုးပြီး လက်နက်တွေယူကာ
အပြင်ကိုထွက်လာလိုက်တယ်။
စားစရာရှာမလို့ တောထဲပဲသွားရတော့မှာပေါ့... ဟင်းးး သူသွားတဲ့လမ်းတစ်လျှောက်မှာ ရွာထဲက သူတွေက သူ့ကိုတွေ့တာနဲ့ နှုတ်ဆက်ကြသည်။
သူလဲ အသိအမှတ်ပြုရုံ ခေါင်းညိတ်ပြပြီး မြန်မြန်ဆန်ဆန်ပဲ တောထဲကို လမ်းလျှောက်လာခဲ့တယ်။
သူလဲ လေးနဲ့မြှားကို အသင့်ပြင်ပြီး အမဲလိုက်မလို့ပြင်နေချိန်မှာ သူ့ရှေ့ကနေ အကောင်တစ်ကောင် ဖြတ်သွားပြီး ခြုံထဲဝင်သွားခဲဲ့သည်။

ဘာအကောင်ပါလိမ့်?
သူလဲ ခြုံနားကိုသွားပြီး အနီးနားက တုတ်တခုနဲ့ ခြုံကို ထိုးလိုက်တော့ ယုန်တစ်ကောင်ထွက်လာခဲ့သည်။
ဟူးး တော်ပါသေးရဲ့... ယုန်လေးကတော့ သူ့ကိုသေချာကြည့်ပြီး နောက်တော့ ထွက်ပြေးသွားခဲ့သည်။
ယုန်သားတော့ မစားချင်ပါဘူး!
ခေါင်းကိုခါပြီး ပြန်အလှည့်
ပန်းတစ်ပွင့်ကို တွေ့လိုက်တော့ အနီးကပ်ကြည့်လိုက်မိသည်။
ပန်းအနံကိုရှူလိုက်ပြီး မကြာခင်မှာပဲ မျက်လုံးတွေဝါးလာပြီး သူ့ခန္တာကိုယ်တစ်ခုလုံးဟာ မြေပြင်ပေါ်ကို ကျသွားခဲ့သည်။
သူမေ့လဲသွားချိန်မှာ လူတစ်ယောက်ရောက်လာပြီး သူ့ကိုချီမသွားခဲ့သည်။

Everyone scare of me Except him!! (System) (Own Creation) [Completed]Donde viven las historias. Descúbrelo ahora