Arc_3.8

5.6K 809 9
                                    

#Unicode

< ဆာရာ အောက်လမ်းဆရာနှင့်တွေ့ပြီး ​နောက်တစ်နေ့ >

စံအိမ်ကြီးသို့ အိမ်စေအသစ်ရောက်လာလေသည်။ ထိုအိမ်စေ၏အမည်မှာ နွမ်ဖြစ်သည်။ ဦးလေးချိုင်သည် နွမ်ကို သခင်မဆာရာဆီသို့ ခေါ်လာလေသည်။

"နွမ်လို့ ခေါ်တယ်နော်"

"ဟုတ်ကဲ့ သခင်မ"

"ကောင်းပြီ... ညည်းက ငါ့အပေါ်မှာ သစ္စာရှိမယ်လို့ အာမခံနိုင်လား.."

"ရှင်...ဟုတ်...ဟုတ်ကဲ့"

"​ဟမ့်...ညည်းကို စမ်းသပ်တဲ့အနေနဲ့ ခိုင်းစရာရှိတယ်...ညည်းလုပ်နိုင်သလား"

"ဟုတ်ကဲ့...ကျွန်မ လုပ်နိုင်ပါတယ်"

"ရော့..."

သခင်မဆာရာက နွမ်ရဲ့အရှေ့ ကို အထုပ်တစ်ထုပ် ပစ်ပေးလိုက်တာကြောင့် နွမ်က ကောက်ယူပြီး ဖွင့်ကြည့်လိုက်ရာ..

"ဒါ...ဒါက.."

"အဆိပ်.."

"အဆိပ်?"

"ဟုတ်တယ်...ညည်းကို လုပ်စေချင်တာက ဒါနဲ့ဆိုင်တယ်"

"ဘာ..ဘာများလဲ သခင်မ"

"ဟင်းး...ညည်းကို လွယ်တာပဲ ခိုင်းတာပါ... ဒီအဆိပ်ကို ဒီည စားမယ့်အစားအစာထဲကို ထည့်လိုက်ရုံပဲ"

"ရှင်..."

"ဟုတ်တယ်...လွယ်ပါတယ်..ပြီးတော့ အဆိပ်ခပ်ခဲ့တဲ့ အကြောင်းကို လျှို့ဝှက်ထားရမယ်"

"...."

"တကယ်လို့..ပေါက်ကြားသွားခဲ့ရင်.. ညည်းအသက်က လုံခြုံနေမှာ မဟုတ်ဘူးနော်"

"ဟုတ်ကဲ့...ဒါနဲ့..ဘာလို့ ကျွန်မကို အဆိပ်ခတ်ခိုင်းရတာလဲ"

"ဒါက...ညည်းအလုပ်မဟုတ်ပါဘူး..ညည်းက ငါခိုင်းတာပဲ လုပ်ရမှာ..ဘာမှ မေးမြန်းခွင့်မရှိဘူး.."

"...."

"နားလည်လား.."

"ဟုတ်..ဟုတ်ကဲ့..နားလည်ပါတယ်"

"ကောင်းပြီ..သွားတော့"

"ချိုင်...သူ့ကို နေရမယ့်နေရာ လိုက်ပြပေးလိုက်ပါအုံး"

"ဟုတ်ကဲ့ သခင်မလေး"

အဲဒီ့ညတွင် အရှင်သခင်နှင့် သခင်မ ဆာရာတို့ ညစာအတူစားခဲ့ကြပြီး
ညဥ့်နက်သန်းခေါင်အချိန်တွင် ဆာရာသည် အရှင်သခင်၏ အခန်းထဲသို့ ခိုးဝင်ကာ အရှင်သခင်၏ ဆံပင်တစ်ချောင်းကို ခိုးယူခဲ့လေသည်။

Everyone scare of me Except him!! (System) (Own Creation) [Completed]Where stories live. Discover now