Arc_1.4

8.2K 1.1K 4
                                    

#Unicode

တကယ်ပဲ ဘာလိုနေတာလဲ? ရွိုင်းကိုရှာတွေ့ပြီဆိုပေမယ့် စောင့်ရှောက်သူ အရိပ်က ဝိညာဥ်အပိုင်းအစကို ဘယ်လိုယူရမလဲဆိုတာကို မပြောသွားဘူး။
သေချာအောင်မေးကြည့်ရမယ်။ သူ့ရဲလက်ပတ်လေးကို တချက်ပွတ်ပြီး စောင့်ရှောက်သူကို မျက်စိမှိတ်ကာ
စိတ်ထဲကနေမှန်းပြီး ခေါ်လိုက်တော့
သူ့တကိုယ်လုံး ချာချာလည်နေသလို ခံစားလိုက်ရသည်။
သူမျက်လုံးဖွင့်လိုက်တော့ သူကအခန်းထဲမှာ မဟုတ်တော့ပဲ အဖြူရောင်ဟင်းလင်းပြင်ထဲရောက်နေတာကို သိလိုက်ရသည်။

"စောင့်ရှောက်သူ"

"မင်း ဘာလုပ်ဖို့ခေါ်နေတာလဲ ကောင်လေး"

"ရွိုင်းကိုရှာတွေ့ပြီ ဒါပေမယ့် သူ့ဝိညာဥ်အပိုင်းအစကို မရသေးဘူး အဲ့ဒါဘာလို့လဲ"

"မင်းတကယ် မသိတာလား"

"ကျွန်တော် တကယ်မသိတာပါ"

"မင်း ရွိုင်းကို မင်းနဲ့အတူ ဘာလို့ပြန်ခေါ်သွားချင်တာလဲ မင်း ရွိုင်းကိုရှာဖို့အတွက်နဲ့ ဘာလို့မင်းကိုယ်မင်း အဆုံးရှုံးခံပြီး ဒီကိုရောက်နေရတာလဲ"

"ရွိုင်းက ကျွန်တော့်အတွက်မရှိမဖြစ်မို့ ရွိုင်းက ကျွန်တော့်အတွက် အရေးပါတာမို့ ရွိုင်းမရှိရင် ကျွန်တော့်ဘဝက လူသေလိုဖြစ်နေတာမို့ ကျွန်တော်ရွိုင်းကို လိုအပ်တယ်"

"ဘာလို့ လိုအပ်တာလဲ သူ့ကို အပျင်းပြေကစားဖို့လား ချစ်လို့လား"

"ကျွန်တော် ရွိုင်းကို မကစားခဲ့ဖူးဘူး "

"ဒါဆို ချစ်လို့လား"

"ကျွန်တော် ချစ်တယ် ရွိုင်းက ကျွန်တော့်သူငယ်ချင်း ကျွန်တော့်မိသားစုလေ"

"ရွိုင်းက အဲ့ဒီ့ထက် ပိုတယ်ဆိုရင်ရော"

"စောင့်ရှောက်သူ ပြောချင်တာက"

"ရွိုင်းက မင်းကို ချစ်သူလို ချစ်တာဆိုရင်ရော"

"မဖြစ်နိုင်တာ"

"ဖြစ်နိုင်ပါတယ် မင်းမသိတာနေတာပါ ရွိုင်း ဒီလက်ပတ်ကို ဘာကြောင့်ဖန်တီးခဲ့လဲဆိုတာရော မသိချင်ဘူးလား "

Everyone scare of me Except him!! (System) (Own Creation) [Completed]Where stories live. Discover now