Arc_4.5

5.2K 766 12
                                    

#Unicode

ဟေးလ် သူရောက်နေတဲ့နေရာကို ​ကြည့်လိုက်တော့ သူက အနီရောင်ကျောက်တုံးထဲကို ရောက်နေတာကို သိလိုက်သည်။ သူ ကျောက်တုံးကို ကြည့်လိုက်တုန်းက ကျောက်တုံးထဲက ဝိညာဥ်တစ်ခုနဲ့ အကြည့်ချင်းဆုံမိပြီး ဒီထဲကို ရောက်လာတာဖြစ်သည်။

သူ ကျောက်တုံးထဲမှာ ပိတ်မိနေတာလား

သူတွေးနေတုန်း သူ့ရှေ့မှာ လူတစ်​ယောက် ပေါ်လာသည်။ ထိုလူက ဇီးရိုးဝမ်းကို စတွေ့တုန်းက ဇီးရိုးဝမ်း ဝတ်ထားတဲ့ စစ်သားဝတ်စုံနဲ့ အနည်းငယ်ဆင်သော်လည်း သူ့ရှေ့ကလူစိမ်းရဲ့ နဖူးမှာ အနီရောင်ကျောက်တုံးလေး ရှိသည်။ အသားအရည်က မဖြူတဖြူ ဆံပင်က အညိုရောင်ရှိသည်။ မျက်လုံးကလဲ စိမ်းဖန့်ဖန့် အရောင်လေးဖြစ်သည်။ လူစိမ်းက ချောမောပြီးတော့ ယောကျ်ားဆန်သည်။  သူက ဇီးရိုးဝမ်းထက် ရာထူးပိုမြင့်တဲ့ပုံပေါ်သည်။

ဟေးလ် သူ့ရှေ့က လူကို အကြောက်အလန့်မရှိစွာနဲ့ပဲ စိုက်ကြည့်နေလိုက်သည်။

"မင်း...ငါ့ကို မကြောက်ဘူးလား"
ထိုလူစိမ်းက ဆွဲဆောင်မှုရှိတဲ့ အသံဖြင့် ပြောသည်။

"ဟင့်အင်း"

"..."

"ခင်ဗျားက ဘယ်သူလဲ"

"နေသန်"

"နေသန်?"

"....."

"ခင်ဗျားက ဇီးရိုးဝမ်းပြောတဲ့ (xxx)ဂြိုဟ်ရဲ့ ခေါင်းဆောင်အကြီးအကဲ နေသန်ဆိုတာလား"

"ဟုတ်တယ်"
ခေါင်းဆောင်နေသန်က သွားစွယ်လေးတွေပေါ်အောင် ပြုံးပြီး ဖြေသည်။

"ဇီးရိုးဝမ်း ပြောတာက ခင်ဗျားက ဂြိုဟ်ကို ကာကွယ်ဖို့ ခင်ဗျားကိုယ်ခင်ဗျား ကျောက်တုံးအဖြစ် ပြောင်းလိုက်တာဆို"

"...."

"ဘာလို့ ဒီထဲမှာ ရောက်နေရတာလဲ"

"ကျောက်တုံးအဖြစ် ပြောင်းလိုက်တာ မဟုတ်ပဲ ကျောက်တုံးထဲကို အထည့်ခံလိုက်ရတာလို့ ပြောရင် ပိုမှန်မယ်"

"....ဘယ်သူက ခင်ဗျားကို ထည့်တာလဲ"

"...."

"တခြားဂြိုဟ်က သူတွေလား"

Everyone scare of me Except him!! (System) (Own Creation) [Completed]Where stories live. Discover now