Arc_4.11

4.8K 696 19
                                    

#Unicode

(xxx)ဂြိုဟ်ပေါ်၌...

အဲဗရက်စ်သည် ပလ္လင်ပေါ်၌ ထိုင်နေကာ သူမဆီကို ရောက်လာကြမယ့် သူတွေကို စောင့်မျှော်နေလေသည်။ သူမရဲ့ အရှေ့မှာရှိတဲ့ ဖန်သားပြင်ပေါ်မှာတော့ (xxx)ဂြုဟ်ပေါ်ကို ရောက်လာတဲ့ ဟေးလ်တို့ အဖွဲ့ကို မြင်နေရလေသည်။
သူမရဲ့ နီရဲနေတဲ့ နှုတ်ခမ်းတစ်စုံက တွန့်ကွေးသွားပြီး
"ဟက်...ရောက်လာကြပြီပဲ"

......

ဂြိုဟ်ပေါ်ကို ရောက်လာပြီဖြစ်တဲ့အတွက် ယာဥ်ပျံပေါ်က ဆင်းလာကြတဲ့ ဟေးလ်တို့ကတော့ ဂြိုဟ်ကို စူးစမ်းနေကြလေသည်။ ဟေးလ်က အနီးတဝိုက်ကို ကြည့်လိုက်ရင်း ဇီးရိုးဝမ်းကို ပြောလိုက်သည်။
"ကျွန်တော်တို့ ရောက်လာတာ အဲဗရက်စ် သိမယ်ထင်လား"

"အင်း...ဒီဂြိုဟ်က သူမပိုင်နက်လို့ ပြောလို့ရတယ်...သူမ သိနိုင်တယ်"

"ဒါဆို...သူမဆီပဲ တိုက်ရိုက်သွားမှာလား... နီးယပ်စ်ကို ကယ်အုံးမှာလား"

"စိတ်မပူပါနဲ့.... ကိုယ် နီးယပ်စ်ကို နက်စ်နဲ့ သတင်းပို့ထားတယ်"

".....အော်..."

သူတို့လည်း အဲဗရက်စ်ရှိတဲ့ နေရာဆီ ရောက်လာခဲ့ကြသည်။ ဇီးရိုးဝမ်းက အရှေ့ကနေ ဦးဆောင်ပြီးတော့ အရင်ဝင်သွားခဲ့သည်။ သူတို့တွေ အကုန်လုံး ဇီးရိုးဝမ်းရဲ့ အနောက်ကနေ လိုက်နေရင်းနဲ့ ပလ္လင်ပေါ်မှာ ထိုင်နေတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့တော့ ရပ်လိုက်ကြသည်။ ထိုမိန်းကလေးကတော့ အဲဗရက်စ်ဖြစ်သည်။ သူမက သူတို့ကို မြင်တော့ ပလ္လင်ပေါ်ကနေ ထလာကာ ဖော်ရွေတဲ့ အပြုံးလို့ထင်ရတဲ့ အပြုံးကို ပြုံးပြသည်။
"အို...(xxx)ဂြိုဟ်ကနေ ကြိုဆိုပါတယ်ကွယ်"

"....."
ဘယ်သူမှ သူမကို ပြန်မနှုတ်ဆက်ပဲ ငြိမ်သက်နေတာကြောင့် သူမက ရှက်ပြုံးလေးပြုံးလိုက်သည်။

"အင်းမ်... ဇီးရိုးဝမ်း...မင်းပြန်လာတဲ့အတွက် ကိုယ်ဝမ်းသာပါတယ်"

"....."
ဇီးရိုးဝမ်းက ဘာမှ ပြန်မပြောပေ။
သူမက ဇီးရိုးဝမ်းရဲ့ဘေးက ဟေးလ်ကို တစ်ချက်ကြည့်လိုက်သည်။ သူမရဲ့ ပုံစံက ဝေခွဲမရဖြစ်သွားပြီးတော့ ဟေးလ်ကိုပြောသည်။
"မင်းက...မင်းရဲ့မျက်လုံးတွေက..."

Everyone scare of me Except him!! (System) (Own Creation) [Completed]Where stories live. Discover now