Arc_6.11

3.8K 513 9
                                    

မုယောင်သည် ချန်းလီအား ထိုကောင်လေးအကြောင်းကို စုံစမ်းခိုင်းလိုက်တော့ ချန်းလီသည် ၅မိနစ်အတွင်းမှာတင် သူ့ကို ဖုန်းပြန်ဆက်လာသည်။ ထိုကောင်လေး၏အမည်မှာ အဲရစ်ဖြစ်ပြီး တရုတ်အမေရိကန်ကပြားတစ်ဦးဖြစ်လေသည်။ အမေရိကန်ကနေ ရှန်ဟိုင်းသို့ ရောက်ရှိလာသည်မှာ တစ်လတောင်မပြည့်သေးပါချေ။ အဲရစ်၏အခြေခံအကြောင်းများကိုတော့ သိရှိခဲ့ရပြီးဖြစ်သော်လည်း အဲရစ်က ထိုမြေအောက်ခန်းထဲသို့ ဘယ်လိုဖြစ်ပြီးရောက်နေသလဲဆိုတာကိုတော့ အဲရစ်၏အခြေအနေပြန်ကောင်းလာမှ မေးလိုက်အုံးမည်။ မုယောင်၏အကြည့်ကတော့ ကုတင်ပေါ်တွင် အပူအပင်ကင်းစွာ အိပ်ပျော်နေသည့်ကောင်လေးပေါ်တွင်သာ ရှိနေလေသည်။

....

တစ်ဖက်တွင်တော့ အခန်းတစ်ခန်းရှိနေသည်။ ထိုအခန်းသည် ရိုးရိုးသာမန်လူနေခန်းဖြစ်ခဲ့သော်ငြားလည်း ယခုအခါတွင်တော့ ခွဲစိတ်ခန်းဖြစ်လို့နေသည်။ ခွဲစိတ်ခန်းဆိုပေမယ့် လူတစ်ဦးကိုသာ ခွဲစိတ်ပေးသည်။ အပြုံးအရယ်မရှိ တည်တံ့နေသော မျက်နှာပိုင်ရှင်သည် လက်ထဲတွင် နှလုံးတစ်ခုကိုင်ထားကာ ကုတင်ပေါ်တွင် မေ့ဆေးအရှိန်ဖြင့် မေ့မျောလျက်ရှိနေသည့် ကောင်လေး၏ရင်ဘတ်ထဲက နှလုံးကိုထုတ်လိုက်ကာ သူ၏လက်ထဲရှိနှလုံးအား ထည့်သွင်းပေးလိုက်သည်။ ထို့နောက် တခြားလုပ်ရိုးလုပ်စဥ်များလုပ်ကာ ရင်ဘတ်အား ပြန်ချုပ်ပေးလိုက်သည်။ နှလုံးသည် ထိုကောင်လေးနှင့်ကိုက်ညီတာကြောင့် ထိုအခန်းထဲတွင် နှလုံးခုန်သံနှစ်ခုကြားနေရလေသည်။

၅နာရီလောက်ကြာပြီးတွင်တော့ ကုတင်ပေါ်ရှိကောင်လေးသည် လူးလွန့်ကာ နိုးလာလေပြီ။ သူသည် ကုတင်ဘေးတွင် သူ၏လက်အား ဆုပ်ကိုင်လျက် အိပ်ပျော်နေသည့်မျက်နှာပိုင်ရှင်၏ နှဖူးပေါ်တွင် ကျနေသည့်ဆံပင်များအား သပ်တင်ပေးလိုက်သည်။ အထိအတွေ့ကို ခံစားမိလို့ထင်ပါရဲ့။ အိပ်ပျော်နေသူ၏မျက်လုံးတစ်စုံက ပွင့်လာကာ သူ့အားကြည့်လာသည်။ သူပြုံးပြလိုက်ပါ၏။
"လင်းအာ.."
သူ၏အသံသည် ကွဲအက်နေသည်။

တည်တံ့နေသောမျက်နှာပိုင်ရှင်သည် ရှီလင်းဖြစ်သည်။ ရှီလင်း၏မျက်နှာသည် ပြုံးလာကာ သူ့လက်ဖမိုးအား ခပ်ဖွဖွ အနမ်းကြဲသည်။
"ယဲ့ရှင်း..မင်းနေရထိုင်ရတာ အဆင်ပြေရဲ့လား"

Everyone scare of me Except him!! (System) (Own Creation) [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ