Arc_6.7

4.2K 581 5
                                    

Warning: This part includes 'rape scene'. If you have a 'trauma', you can skip this part.

ကျောက်ရွှီနှင့် လော့ဖန်းတို့အုပ်စု စကားစမြည် ပြောနေကြချိန်ဖြစ်ပါ၏။

တစ်ခြားတစ်ဖက်တွင်တော့ ဟာလာဟင်းလင်း ဖြစ်နေသော လယ်ကွင်း နေရာလွတ်ကြီးထဲတွင် အိမ်ကြီးတစ်အိမ်သာ ထီးထီးကြီး တည်ရှိနေလေသည်။ ထိုအိမ်ကြီးသည် ကျွန်းများဖြင့် ဆောက်လုပ်ထားပုံရပြီး လုံးချင်းအိမ်ပုံစံမျိုးကဲ့သို့ ဖြစ်နေသော်ငြားလည်း အတော်လေးကို ကြီးမားလွန်းလှပေသည်။ အိမ်၏ဘေးပတ်လည်တွင် ကြောင်တစ်ကောင်၊ ခွေးအမြှီးတောင် မတွေ့ရသကဲ့သို့ ဖြတ်သွားဖြတ်လာ လူတစ်ယောက်တစ်လေတောင်မှ မရှိသောကြောင့် အတော်လေးကို တိတ်ဆိတ်ငြိမ်သက်နေလေသည်။

အိမ်ကြီးတံခါးဝတွင် သော့ခလောက်ကြီးကြီးဖြင့် ပိတ်ထားသည်။ အကယ်၍ တစ်ယောက်ယောက်သာ ထိုအိမ်ကို လာခဲ့ပါက ထိုအိမ်ကြီးထဲတွင် လူတစ်ယောက်မျှ မရှိဘူးလို့သာ ထင်ပေလိမ့်မည်။ အကြောင်းကတော့ အိမ်၏ပြတင်းပေါက်များကလဲ ပိတ်ထားခြင်းကြောင့် အိမ်ထဲတွင် အတော်လေးကို မည်းမှောင်နေပြီး အိမ်၏အပြင်ဘက်တွင်လဲ ဖုန်အနည်းငယ်ရှိနေသည်လေ။ သို့သော်ငြားလည်း ထိုအိမ်ကြီးထဲတွင် လူငယ်လေးတစ်ယောက်ရှိနေလေသည်။ ထိုအရာကို မည်သူမျှ သိနိုင်မည်မဟုတ်ချေ။ သူခိုး၊ ဓားပြတွေ ထိုအိမ်ကြီးထဲကို ဝင်ရောက်လာမည်ဆိုရင်တောင်မှ ထိုလူငယ်လေးကို မတွေ့မြင်နိုင်ပါချေ။ အကြောင်းကတော့ ထိုလူငယ်လေးက ထိုအိမ်ကြီး၏ အောက်ဖက် မြေအောက်ခန်း ကျဥ်းကျဥ်းလေးထဲတွင် ရှိနေပါသောကြောင့်။

ထိုမြေအောက်ခန်းလေးထဲတွင် မီးရောင်မှိန်ဖျဖျလေး ထွန်းထားသောကြောင့် အခန်းထဲကို အနည်းငယ်တော့ မြင်နိုင်သည်။ ထိုမြေအောက်ခန်းထဲတွင် ကုတင်တစ်လုံးနှင့် စားပွဲခုံတစ်ခု၊ ထိုင်ခုံတစ်လုံးသာရှိနေသည်။ ကုတင်ပေါ်တွင် ဝတ်လစ်စလစ်ဖြင့် ခွေခွေလေးလဲလျောင်းနေသော ကောင်လေးတစ်ဦးရှိပါ၏။

ထိုကောင်လေး၏ ခြေထောက်တွင် သံကြိုးတစ်ခုရှိနေကာ ထိုကောင်လေး၏ လက်ကို ချုပ်နှောင်ထားသော လက်ထိပ်တစ်ခုရှိနေပါ၏။ သူလေး၏ ကိုယ်ခန္ဓာက အလွန်အမင်း တုန်ယင်လျက်ရှိနေကာ ကိုယ်ပေါ်တွင်လဲ အရှိုးရာများရှိနေသည်။ ထိုအရာများက ခါးပတ်ရာများနှင့် တူလှသည်။ ထိုကောင်လေး၏ မျက်လုံးများက ပိတ်ထားသော်လည်း မျက်ဝန်းထဲမှ မျက်ရည်များက မွေ့ယာပေါ်ကို ကျဆင်းနေလေသည်။

Everyone scare of me Except him!! (System) (Own Creation) [Completed]Where stories live. Discover now