Arc_4.7

5K 733 10
                                    

#Unicode

(xxx)ဂြိုဟ်ပေါ်၌...

ခေါင်းဆောင်ထိုင်ရာ ပလ္လင်ပေါ်တွင် ထိုင်နေသော အမျိုးသမီးတစ်ဦးရှိလေသည်။ ထိုအမျိုးသမီးက အရမ်းကို လှပပြီးတော့ နှုတ်ခမ်းကလဲ အပြုံးလေးတစ်ခုကို ပြုံးထားသည်။ သူမက အနီရောင်တောက်နေတဲ့ ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး တစ်စုံတစ်ယောက်ကို စောင့်နေပုံပေါ်သည်။ သူမက ပလ္လင်ပေါ်ကနေ သူမရဲ့အရှေ့ကို စောင့်ကြည့်နေရင်းနဲ့ အမည်းရောင်အငွေ့တွေ ပလ္လင်နားကို ရောက်လာတာကို တွေ့တော့ သူမ အပြုံးတွေ ပိုပြီး ပီပြင်လာသည်။ အမဲရောင်အငွေ့တွေက လူပုံသဏ္ဍာန်ပြောင်းသွားပြီးတော့ ယောကျ်ားတစ်ယောက်ပေါ်လာသည်။ သူမက ထိုယောကျ်ားကို အဓိပ္ပါယ်ပါတဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး ​ပြောသည်။

"သေချာ လုပ်ထားရဲ့လား"

"သေချာတာပေါ့.... သူ​က ငါမှငါ ဖြစ်အောင် လုပ်ထားတယ်"
သြရှတဲ့ အသံဖြင့် ထိုလူက ပြောသည်။

"နင်ရော  သေချာရဲ့လား.... "

"ဘာကိုလဲ"

"နင်ရော သူ့ကို ချစ်နေတာလား"

"အင်းး.. မချစ်ပါဘူး ဒီအတ်ိုင်း..သူက လုပ်လို့ကောင်းတယ်"
ထိုယောကျ်ားက စဥ်းစားနေသလိုလုပ်လိုက်ရင်း သူမပလ္လင်နားကို ရောက်လာသည်။ ပြီးတော့ သူမရဲ့မျက်နှာကို သူ့ရဲ့လက်ချောင်းသွယ်လေးတွေနဲ့ ညှစ်လိုက်ပြီး ပြောသည်။

"မင်းပြောကြည့်... ငါမင်းကို ဒီနေရာရောက်အောင် လုပ်ပေးခဲ့တယ်...ဆုအနေနဲ့ ငါက သူ့ကို သိမ်းပိုက်ခဲ့တယ်"

"...."

"ငါ သူ့ကို အတိတ်ကို မေ့အောင် လုပ်ထားတယ်...သူ့ရဲ့အရသာကို ငါအရမ်းကြိုက်တယ်လေ...သူ့ကို ငါတစ်ယောက်ပဲ ပိုင်ချင်တယ်...သူ့အနားကပ်နေတဲ့ ဇာ့ခ်ကို မရှင်းရသေးဘူး...တကယ်လို့ ဇာ့ခ်သာ မရှိတော့ရင် သူက ငါ့အပိုင်ဖြစ်လာပြီ အခုလဲ ဇာ့ခ်က သူနဲ့အဝေးမှာပါ ဇာ့ခ်က သူ့ကို တဖြည်းဖြည်းနဲ့ စိတ်ပျက်လာအောင် လုပ်ရမယ် "

"နင့်အစွမ်းက သေချာလို့လား..... နင်မမေ့နဲ့အုံး ဇာ့ခ်မရှိတော့ရင်တောင် သူ့ရဲ့ပိုင်ရှင်က သေသေးတာမဟုတ်ဘူး"

Everyone scare of me Except him!! (System) (Own Creation) [Completed]Where stories live. Discover now