Arc_6.10

4.1K 571 24
                                    

#Unicode

အန်းဟွေ့နှင့် လော့ဖန်းကတော့ ထိုကောင်လေးကို စိုက်ကြည့်နေကြသည်။ ထိုကောင်လေးက သူတို့နှစ်ယောက်ကိုမြင်တာနဲ့ ကုတင်ထောင့်စွန်းကို ပိုပြီးတိုးကပ်သွားကာ ကျုံ့ကျုံ့လေးထိုင်နေပြီး တုန်ယင်နေသည်။ အန်းဟွေ့ တစ်ခုခုပြောမလို့လုပ်လိုက်ပေမယ့် ကုတင်ပေါ်က သွေးကွက်များကို တွေ့လိုက်ရတော့ မျက်လုံးများပြူးကျယ်သွားကာ လော့ဖန်းကို လှမ်းကြည့်လိုက်သည်။ လော့ဖန်းကတော့ မျက်မှောင်ကြုတ်ထားလေသည်။ သွေးကွက်တွေရဲ့အဓိပ္ပါယ်ကဘာလဲဆိုတာကို ထုတ်မပြောလဲ နှစ်ယောက်လုံးသိကြသည်လေ။ အန်းဟွေ့ ထိုကောင်လေးကို အတော်လေးသနားသွားသည်။ ဒါကြောင့် သူတို့ကိုမကြောက်ဖို့ရန် ချော့မော့ပြောဖို့ အရှေ့ကိုတိုးမလို့ လုပ်လိုက်ပေမယ့် သူ့လက်ကောက်ဝတ်က ရုတ်တရက် တင်းကြပ်သွားလေသည်။ သူငုံ့ကြည့်လိုက်တော့ သွေးကြောစိမ်းများပေါ်နေသော လက်ဖျံတစ်ခုပင်။ သူမော့ကြည့်လိုက်တော့ လော့ဖန်းက ခေါင်းခါပြသည်။ ပြောချင်တာက မသွားနဲ့ပေါ့။

အန်းဟွေ့ လက်မခံပဲ ငြင်းပယ်မလို့လုပ်လိုက်ပေမယ့် သူတို့နှစ်ယောက်နောက်က ဝုန်းခနဲအသံနှင့်အတူ ကြားနေကျအသံတစ်ခုကိုပါ ကြားလိုက်ရသည်။
"မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ"

နှစ်ယောက်လုံး လှည့်ကြည့်လိုက်တော့ ခါးထောက်ကာရပ်နေသော မုယောင်ပါပေ။ မုယောင်က သူတို့နှစ်ယောက်ကိုကြည့်နေရင်းကနေ ကုတင်ဘက်ကို အကြည့်ရောက်သွားတော့ ကြောက်ရွံ့နေသောကောင်လေးကို တွေ့သွားလေသည်။ မုယောင်က လော့ဖန်းကို ကြည့်လိုက်တော့ လော့ဖန်းက ပြန်ကြည့်သည်။ မုယောင်က ဖြည်းဖြည်းချင်းလေး ထိုကောင်လေးရှိရာကုတင်နားကို လျှောက်သွားသည်။ ထိုကောင်လေးကတော့ သူတို့ကို မကြည့်ပဲ ခေါင်းငုံ့ကာ တုန်ယင်နေတုန်းပင်။ မုယောင်က ကုတင်ဘေးတွင် ရပ်လိုက်ကာ အသံပြုလိုက်သည်။
"ဟေး"

ထိုကောင်လေးက မော့မကြည့်ပေ။ ပို၍ တုန်ယင်လာနေသည်။
"ကိုယ်တို့က မင်းကို အန္တရာယ်မပေးပါဘူး။ မကြောက်ပါနဲ့"
မုယောင်က ချိုချိုသာသာ ပြောလိုက်သည်။
ထိုကောင်လေးက တုန်ယင်နေဆဲဖြစ်ပေမယ့် ခေါင်းကိုတော့ မဝံ့မရဲ ဖြည်းဖြည်းမော့ကြည့်လာသည်။

Everyone scare of me Except him!! (System) (Own Creation) [Completed]Where stories live. Discover now