Arc_3.2

5.8K 865 16
                                    

#Unicode

ဆက်နဲ့ချန်းတို့ မနက်စောစောထပြီး စံအိမ်ကိုသွားဖို့အတွက် အထုပ်အပိုးတွေ ပြင်ဆင်နေကြတယ်
၁၂ နာရီလောက်ကျတော့ ကားနဲ့ စံအိမ်ကို ထွက်လာခဲ့ကြတယ်
အခုသူတို့နေတဲ့နေရာနဲ့ စံအိမ်နဲ့က အရမ်းဝေးတယ် တစ်ခါစီးရင် အတော်ကြာတယ်
စထွက်လာတုန်းက ဆက်ကမောင်းပြီး ခရီးတစ်ဝက်လောက်ရောက်တော့ ချန်းက မောင်းတယ်
ကားပေါ်မှာပဲ သီချင်းလေးတအေးအေးနဲ့ပေါ့
ဒီလို နှစ်ယောက်သားပျော်ရွှင်စွာမောင်းလာရင်းနဲ့ အချိန်ကလဲ အကုန်မြန်နေပြီး စံအိမ်ကိုလဲ ရောက်ခါနီးနေပြီ

စံအိမ်ကို ရောက်တော့ ချန်း သူ့လက်က နာရီကို ကြည့်လိုက်တော့ ည၁၁နာရီတောင် ရှိနေပြီ
သူတို့လဲ ကိုယ့်အထုတ်ကိုယ် ကားထဲကနေ ထုတ်ပြီး စံအိမ်ရဲ့ခြံတံခါးရှေ့မှာ ရပ်လိုက်ကြတယ်
သူတို့ကို ဘယ်သူမှ တံခါးလာမဖွင့်ပေးဘူးဆိုတာက ဆက်က သူ့အိမ်က သူတွေကို အံ့သြသွားအောင် လုပ်ချင်တယ်ဆိုလို့ ချန်းလဲမတားလိုက်ဘူး
ဆက်က ခြံတံခါးရဲ့ဘဲလ်လေးကို တီးလိုက်တော့ ဘယ်သူမှထွက်မလာဘူး
ခဏနေတော့မှ ဦးလေးကြီးတစ်ယောက် ထွက်လာတယ် ထိုဦးလေးကြီးက တံခါးမဖွင့်သေးပဲ အထဲကနေ သူတို့နှစ်​ယောက်ကို သေချာကြည့်ပြီး နောက်မှ ဆက်ကို မှတ်မိသွားသလိုနဲ့ တံခါးကို အလျင်အမြန်တွန်းဖွင့်ပေးတယ်

"သခင်လေး..သခင်လေးဆက်မဟုတ်လား"

"ဟုတ်ပါတယ် ဦးလေးချိုင်"

"သခင်လေး​က အကြောင်းမကြား ဘာမကြားနဲ့ ဘယ်လိုဖြစ်ပြီး ရောက်လာတာတုန်း"

"ဒီလိုပါပဲ အိမ်ပြန်ချင်စိတ်ပေါက်လာလို့ ပြီးတော့လဲ အိမ်ကလူတွေကို သတိရလို့ပါ"

"အော်..ဖြစ်သင့်ပါတယ် "

"...."

"ကဲ..ဝင်ကြ..ဝင်ကြ..သခင်ကြီးနဲ့သခင်မကြီးကတော့ မနက်ကျမှပြန်လာမှာ "

ဆက်နဲ့ဦးလေးချိုင်တို့ရဲ့ စကားဝိုင်းကို ချန်းက ဝင်မပြောပဲ ဘေးမှာပဲ တိတ်တဆိတ်နေပြီး ​ခြံထဲကို ဝေ့ကြည့်နေမိတယ်
နောက်တော့မှ ဦးလေးချိုင်က ချန်းဘက်ကိုလှည့်ပြီး

Everyone scare of me Except him!! (System) (Own Creation) [Completed]Where stories live. Discover now