Arc_3.1

6.1K 896 23
                                    

#Unicode

#သွင်ခန့်ကို ချန်းလို့ပဲ သုံးသွားတော့မယ်နော်

ချန်း ဇာတ်ကြောင်းတွေကို ကြည့်ပြီးသွားတဲ့အခါမှာတော့ သူရောက်လာတဲ့အချိန်က ချန်းက ဆက်ကို ကစားကွင်းအပျက်မှာ လိုက်ရှာနေတဲ့အချိန်ကို ရောက်လာတာဆိုတော့ သေဖို့အချိန် ကပ်သီးလေးအလိုပဲ
ဆက်လဲမ​သေသလို သူလဲရှင်နေတုန်းပဲ
တခုပဲ သူကအရင်ချန်းမဟုတ်တော့တာကလွဲရင်ပေါ့
ဘေးနားမှာ အနားယူနေတဲ့ဆက်ကို ကြည့်လိုက်ပြီး အကဲခတ်နေလိုက်တယ်
ဆက်က အသားအရည်ညိုတယ် ရုပ်ရည်ကတော့ ကြည့်ကောင်းတယ်လို့တော့ ဆိုရမှာပဲ

ဆက်က ရွိုင်းဖြစ်နိုင်လား?

ရှေ့ကမ္ဘာတွေမှာ ရွိုင်းက ဇာတ်လိုက်ဖြစ်နေခဲ့တာဆိုတော့ ဆက်ကိုလဲ ရွိုင်းမဟုတ်ဘူးလို့ ပြောလို့မရနိုင်ဘူး 
သူက အခုချန်းရဲ့ ကိုယ်ထဲရောက်နေပြီဆိုမှတော့ ဆက်ကို ကာကွယ်ရလိမ့်မယ်
ဆက်ကို အကြည့်လွှဲလိုက်ပြီး ကားရပ်ထားတဲ့ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မှောင်မဲနေတာပဲ

သူအပြင်ကို ကြည့်နေရင်းနဲ့ သူ့မျက်လုံးက ကားရဲ့နောက်ကြည့်မှန်ဆီ အကြည့်ရောက်သွားတော့ ကောင်လေးတစ်ယောက်ကို မြင်ရတယ်
ဒါပေါ့ အဲ့ကောင်လေးက ချန်းပဲလေ
ချန်းရဲ့ပုံစံက အသားဖြူပြီးတော့ မျက်လုံးကအပြာရောင်လေး
ကြည့်ရတာ ချန်းက ကပြားဖြစ်မယ်လို့ ထင်တယ် သူသွားစိကြည့်လိုက်​တော့ ရှေ့သွားနှစ်ချောင်းက မဆိုစလောက်လေးကြီးနေတယ်
ချန်းရဲ့ရုပ်ရည်က ချစ်ဖို့ကောင်းပြီး ယုန်ဖြူလေးတစ်ကောင်နဲ့ တူတယ်လို့ မှတ်ချက်ချမိလိုက်တယ်
သူ့ကိုယ်သူ ကြည့်လို့ပြီးသွားတော့ အိမ်ပြန်ဖို့ ကားစက်နှိုးလိုက်တယ်
ခရီးကိုတော့ ဆက်မသွားတော့ဘူး မူလပိုင်ရှင်ချန်းရဲ့ မှတ်ဉာဏ်တွေအတိုင်းပဲ သူတို့နှစ်ယောက် အတူနေတဲ့ တိုက်ခန်းဆီပဲ မောင်းလာလိုက်တယ်

တိုက်ခန်းကို ရောက်တော့ သူလဲ ကားပါကင်မှာ ကားရပ်လိုက်တယ်
ကားထဲကနေ သူအရင်ထွက်လိုက်ပြီး နောက်တော့မှ ဘေးကဆက်ကို ထုတ်ပြီး တွဲလာလိုက်တယ်
အခုက အရမ်းညနက်နေပြီဖြစ်တာကြောင့် တိုက်ခန်းအောက်မှာ လူတစ်ယောက်တစ်လေမှ ရှိမနေဘူး
ယုတ်စွအဆုံး လုံခြုံရေးဝန်ထမ်းတောင်မှ အိပ်ပျော်နေပြီ
သူလဲ ဂရုမစိုက်တော့ပဲ ဆက်ကိုတွဲကာ ဓာတ်လှေကားထဲဝင်ပြီး ၅ထပ်မြောက်အထပ် ခလုတ်ကို နှိပ်လိုက်တယ်
ဓာတ်လှေကားက အပေါ်ကို တဖြည်းဖြည်းတက်နေတုန်း ၃ထပ်မြောက်မှာ ရပ်သွားပြီး ဘယ်သူမှမရှိပဲနဲ့ ဓာတ်လှေကားတံခါးက ပွင့်လာတယ်
သူလဲ သတိအနေအထားနဲ့နေလိုက်ပြီး ဆက်ကို တွဲထားရင်းနဲ့ပဲ အပြင်ကို ကြည့်နေတုန်း ဂျိမ်းဆိုတဲ့ အသံကြားလိုက်ပြီး ဓာတ်လှေကားက ပိတ်သွားတယ် ပြီးတော့ ပြန်ပွင့်လာတယ် ပိတ်လိုက်ပွင့်လိုက်နဲ့ အကြိမ်တော်တော်များများဖြစ်နေပြီး တစ်ယောက်ယောက်က ခလုတ်နှိပ်နေသလိုမျိုးပဲ သူသိနေတာက အဲ့တစ်ယောက်က လူမဟုတ်နေတာကိုပဲ သူလဲ သွားရမယ့်အထပ်ကို ​မြန်မြန်လေး ပြန်နှိပ်လိုက်တော့မှ ပုံမှန်ပြန်ဖြစ်သွားပြီး အပေါ်ကို ရွေ့လျားနေတယ်

Everyone scare of me Except him!! (System) (Own Creation) [Completed]Where stories live. Discover now