Arc_5.1

6K 800 6
                                    

#Unicode

#သွင်ခန့်ကို ဟန်ရှင်းဝူလို့ပဲ သုံးနှုန်းပါတော့မယ်

ဟန်ရှင်းဝူ သူ့ရဲ့နန်းဆောင်တံခါးကို ဖွင့်ပြီးတော့ အပြင်ကို ထွက်လာခဲ့သည်။ သူ့ရဲ့နန်းဆောင်အပြင်ဘက်မှာ နန်းတွင်းသူ၄ယောက်နဲ့ နန်းတွင်းအစောင့် ၂ယောက်က ခေါင်းငုံ့ပြီး မတ်တပ်ရပ်နေကြသည်။ ထိုသူတွေအရှေ့ကနေ ဟန်ရှင်းဝူ ဖြတ်သန်းလာခဲ့သည်။
ဟန်ရှင်းဝူ အဝေးကို ရောက်သွားပြီဆိုမှ တန်းစီပြီး ရပ်နေတဲ့ နန်းတွင်းသူ၄ယောက်ထဲက ညာဘက် အစွန်ဆုံးက တစ်ယောက်က ပြောသည်။
"ဟဲ့ဟဲ့ ခုနက မင်းသားလေးလား ...အရင်ကနဲ့ မတူပဲ ချောလိုက်တာနော်"

"ဟဲ့... ဘာတွေပြောနေတာလဲ.. အရင်က မင်းသားလေးက သိမ်သိမ်မွေ့မွေ့ စာပေသမားလို ချောတာ... အခု ပုံစံကို ကြည့်ပါလား...  မင်းသားအရှိန်အဝါတွေ တောက်ပနေတာ မျက်လုံးတောင် စူးလာသလိုပဲ"

"မင်းသားလေးက ငါ့အကြိုက်ပုံစံပဲ....ယောကျ်ားဆန်လိုက်တာ ဟယ်.."

"စိတ်ကူးယဥ်မနေနဲ့ ဟိုက နင့်ကို တစ်ချက်ကြည့်ရင်တောင် ကံကောင်းတယ်မှတ်လိုက်"
ဘယ်ဘက် အစွန်ဆုံးက တစ်ယောက်က ပြောသည်။

"အဟမ်း..."
ထိုနန်းတွင်းသူတွေရဲ့ စကားကြောင့် နန်းတွင်းသက်တော်စောင့် တစ်​ယောက်က ချောင်းဟမ့်လိုက်တာဖြစ်သည်။

"ကိုယ့်အလုပ်ကို သွားလုပ်ကြတော့... စကားကို များတယ်"
အဲ့လိုပြောပြီးတော့ ထိုသက်တော်စောင့်က ဟန်ရှင်းဝူအနောက်ကို လိုက်သွားသည်။

"ဘာလဲ..ဘာလဲ...မနာလိုဖြစ်နေတာ"(တီးတိုး တီးတိုး)
.......

ဟန်ရှင်းဝူတစ်ယောက်ကတော့ လေ့ကျင်းရေးကွင်းကို ရောက်လာပြီဖြစ်သည်။ ထိုကွင်းထဲမှာ သူ့ကို နောက်ကျောပေးပြီး ရပ်နေတဲ့ လူတစ်ယောက် ရှိနေတာကို တွေ့လိုက်သည်။ ထိုလူက အမည်းရောင် လေ့ကျင့်ရေးဝတ်စုံကို ဝတ်ထားပြီးတော့ ခန္တာကိုယ်က ဟန်ရှင်းဝူနဲ့ အတူတူလောက်ပဲရှိသည်။ ထိုသူကတော့ ချောင်းအင်ပါယာရဲ့ မင်းသား ချောင်း ဝမ်ယူ ဖြစ်သည်။ ထိုသူက ဟန်ရှင်းဝူရဲ့ တစ်ဦးတည်းသော ငယ်သူငယ်ချင်းဖြစ်သည်။

Everyone scare of me Except him!! (System) (Own Creation) [Completed]Hikayelerin yaşadığı yer. Şimdi keşfedin