Arc_5.6

5.6K 766 71
                                    

#Unicode

ဟန်ရှင်းဝူ မင်းကြီးနန်းဆောင်ရှေ့ ရောက်တော့ အထိန်းတော်ကြီးက အပေါက်ဝတွင် ရပ်စောင့်နေတာကို တွေ့လိုက်သည်။ အထိန်းတော်ကြီးက ဟန်ရှင်းဝူကို မြင်တော့ နှုတ်ဆက်သည်။

"မင်းသားလေး.."

"အထိန်းတော်ကြီး ဖခမည်းတော် အထဲမှာ ရှိလား"

"ရှိပါတယ်..ဒါပေမယ့်..."

"ဒါပေမယ့် ဘာဖြစ်လဲ"

"မိဖုရားကြီးနဲ့ အတူ ရှိနေပါတယ်"

"အော် မယ်တော်လဲ ရှိနေတာလား"

"ဟုတ်ပါတယ် မင်းသားလေး အထဲဝင်မလို့မလား"

"ဟုတ်တယ် အထိန်းတော်ကြီး"

အထိန်းတော်ကြီးက နန်းဆောင်တံခါးရှေ့ရပ်ကာ အော်သည်။
"မင်းကြီးနဲ့ မိဖုရား...မင်းသားလေးက တွေ့ချင်လို့ ခွင့်တောင်းနေပါတယ်"

"ဝင်ခဲ့"
အထဲကနေ ဟန်မင်းကြီးရဲ့ စိတ်မရှည်တဲ့ လေသံထွက်လာသည်။

အထိန်းတော်ကြီးက တံခါးဖွင့်ပေးတော့ ဟန်ရှင်းဝူလဲ အထဲဝင်လို​က်သည်။ အထဲရောက်တော့ ကုတင်ပေါ်မှာ အတွင်းဝတ်ရုံပဲ ဝတ်ထားတဲ့ မင်းကြီးနဲ့မိဖုရားကို တွေ့သည်။

"သားတော် ရောက်လာပါတယ်"

"သားတော်က ညဘက်ကြီး ဘာကိစ္စ ရှိလို့လဲ"
မင်းကြီးက မကြည်မသာ ပြောသည်။

မင်းကြီးက ပုံမှန်ဆို သဘောကောင်းပါရက်နဲ့ အခုကျမှ ဘာဖြစ်သွားတာလဲဆိုတာ ဟန်ရှင်းဝူ မတွေးတတ်တော့ပေ။

"သားတော်နဲ့ မတွေ့ရတာ အတော်တောင် ကြာနေပြီ..မယ်တော့်ဆီ ဘာလို့ လာမလည်ရတာလဲ"
မိဖုရားကြီးက ပြောသည်။

"သားတော် မအားလို့ပါ တောင်းပန်ပါတယ် မယ်တော်"
ဟန်ရှင်းဝူ ပြာပြာသလဲလဲ တောင်းပန်လိုက်သည်။

မိဖုရားက ဟန်ရှင်းဝူ ပုံစံကို တစ်ချက်ရယ်ကာ ဟန်ရှင်းဝူရှေ့ကို လျှောက်လာပြီးတော့ ဟန်ရှင်းဝူကို အသာဖက်သည်။
"သားတော်လေးက တော်တော်လေး ကောင်းကောင်းမွန်မွန် ကြီးပျင်းလာတာပဲ"
မိဖုရားကြီးက ဖက်နေရာကနေ ခွာလိုက်ပြီးတော့ ဟန်ရှင်းဝူကို သေချာစိုက်ကြည့်သည်။ မိဖုရားကြီးရဲ့ မျက်ဝန်းထဲကို သေချာကြည့်ပါက မျက်ရည်စ အနည်းငယ်ကို တွေ့ရလိမ့်မည်။

Everyone scare of me Except him!! (System) (Own Creation) [Completed]Where stories live. Discover now