Arc_6.12 (Special)

4.2K 528 24
                                    

#Unicode

အခန်းထဲတွင် အဝတ်များသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေ၏။ လူတစ်ယောက်ကတော့ အဝတ်ဗီရိုကို မွှေနှောက်နေကာ မှန်ထဲတွင် အဆင်ပြေမပြေ တိုင်းကြည့်သည်။ အဆင်မပြေတာနဲ့ လွှတ်ပစ်လိုက်သည်။ ဒါကြောင့် အဝတ်များပြန့်ကျဲနေတာဖြစ်လေသည်။ ထိုလူသည် အဝတ်ရွေးနေရင်းဖြင့် အဖြူရောင်တီရှပ်ကိုမြင်လိုက်ကာ ထိုတီရှပ်အားဆွဲယူပြီး တိုင်းကြည့်သည်။ ထို့နောက် မကျေနပ်စွာဖြင့် ဝတ်ထားသည့် ရေချိုးဝတ်စုံကို ချွတ်ချလိုက်တော့ သန်မာသည့်ခန္ဓာကိုယ်တစ်ခုပေါ်လာသည်။  ကျောပြင်ကျယ်ကြီးမှာလည်း တွဲလဲခိုချင်စရာကောင်းလှကာ ဝမ်းဗိုက်ကြွက်သားအမြှောင်းတွေဟာလည်း သွားရေကျချင်စရာပင်။ ထိုလူသည် ဘောင်းဘီအနက်ရောင်အား အရင်ဝတ်လိုက်သည်။ ထို့နောက် တီရှပ်အားဝတ်ကြည့်လိုက်တော့ သူနှင့်ကွက်တိဖြစ်နေတာကိုမြင်လိုက်ရသည်။ ဒါကြောင့် စိတ်ကျေနပ်စွာဖြင့် ပြုံးလိုက်ကာ သူ၏ဆံပင်အား တသသလုပ်သည်။
မှန်ကြည့်နေရင်းဖြင့် တစ်စုံတစ်ခုအားရေရွတ်လိုက်ပါသေး၏။
"ဒီလောက်ဆို ဟွေ့ဟွေ့ သဘောကျလောက်ပြီ"

ဟုတ်ပါသည်။ ထိုလူကတော့ စုံထောက်ကြီးလော့ဖန်းဖြစ်ပါ၏။ ဒီကနေ့ လော့ဖန်း ထိုသို့ပြင်ဆင်နေရခြင်းအကြောင်းကတော့ သူဒီနေ့ အန်းဟွေ့ကို ဖွင့်ပြောမလို့ပင်။ ဒီအတိုင်းဗြုန်းစားကြီး ပြောတာထက်စာရင် ရိုဆန်ဆန်လေးဖွင့်ပြောတာကို လူတွေကပိုကြိုက်ကြသည်မလား? ဒါကြောင့် လော့ဖန်းသည် ဒီနေ့ အန်းဟွေ့အား ညစာစားဖို့ချိန်းပြီး ချစ်ခွင့်ပန်မည်ဟု စဥ်းစားထားသည်။ သူသည် အတွေးထဲနစ်မျောနေပါ၏: အတွေးထဲတွင်တော့ သူသည် အန်းဟွေ့အား 'ကိုယ်မင်းကိုချစ်တယ်..အရမ်း..အရမ်းချစ်တယ်'
ဟု ဖွင့်ပြောနေကာ အန်းဟွေ့ကမူ ပါးလေးနီမြန်းကာဖြင့် သူ့ကို 'ငါလဲ မင်းကို ချစ်ပါတယ်'ဟု ပြန်ဖြေသည်လေ။ အဲ့နောက်တွင်တော့ သူတို့ အကြင်နာပေး..အကြင်နာပေး...

အတွေးနှင့်ထပ်တူညီစွာ လော့ဖန်းသည် မျက်လုံးမှိတ်ကာ နှုတ်ခမ်းဆူနေတုန်းမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဖုန်းမြည်လာလေသည်။ ထိုအခါမှ အတွေးထဲနစ်မြုပ်နေသော လော့ဖန်းဟာဆိုရင်ဖြင့် မျက်လုံးပွင့်လာကာ ဖုန်းကိုကောက်ကိုင်ပြီး ဖုန်းခေါ်လာသူအား ကျိန်ဆဲလိုက်သေးသည်: တောက်..ကောင်းခန်းရောက်မှကွာ..မွမွတောင် မပေးလိုက်ရဘူး။ ဟမ့်.. ဖုန်းဆက်လာတဲ့သူ တစ်သက်လုံး တစ်ကိုယ်တည်းသမားဖြစ်ပါစေ!

Everyone scare of me Except him!! (System) (Own Creation) [Completed]Onde histórias criam vida. Descubra agora