1(Unicode)

18.6K 825 59
                                    

"တီ........တီ"

ညနက်သန်းခေါင်ကြီးထမြည်လာသောဖုန်းသံကြောင့် ရှောင်ရန် အိပ်ယာမှ ဗြုန်းစားထထိုင်လိုက်ပြီးမြည်နေသော ဖုန်းကိုကိုင်လိုက်သော်လည်းမျက်ခုံးက ခပ်လှုပ်လှုပ်။

အတွင်းအပြင်နတ်တွေအကုန်လုံးကို
ပူဇော်ပါတယ်။
ငမြွှေထိုး ပြသနာမရှာပါစေနဲ့။

"Hello "

" ......"

"ဗျာ....ဟုတ်...ဟုတ်ကဲ့"

Phကိုင်လိုက်သည်နှင့် ဆရာ့သားclubမှာရ​န်ဖြစ်လို့အချုပ်ခန်းထဲရောက်နေတယ်ဟူသောစကားကြောင့်ဘေးတွင်အိပ်နေသော မိန်းမဖြစ်သူကိုအမြန်နိုးကာ ရဲစခန်းသို့ပြေးရပြန်သည်။သူ့စိတ်နှင့်သူဆို မှတ်လောက်သားလောက်အောင်အချုပ်ခန်းထဲထားလိုက်မည်ဖြစ်သော်လည်းအချုပ်အခြာအာဏာ အကုန်ပိုင်ထားသောမိန်းမကို မလွန်ဆန်နိုင်။ ကြောက်လို့မဟုတ်ဘူး....ချစ်လို့....ချစ်လို့။

"ပါးပါး....ဗြဲ....မားမား...သားကိုမြန်မြန်ထုတ်ပေးပါ ဗြဲ.....ခြင်ကိုက်တယ်...."

သူ တို့ကိုမြင်သည်နှင့် အချုပ်ခန်းတစ်ခုလုံးကြားရလောက်အောင် အော်ငိုလာသည့် ငမြွှေထိုး။ဘေးကမိန်းမဖြစ်သူကလည်း မျက်ရည်လေးစမ်းစမ်းနှင့်။ငမြွှေထိုးကဖြင့် ပါးစပ်ကသာအော်နေတာ မျက်ရည်ကတစ်စက်တောင်မကျ။ပြောရင်လည်း ရှောင်ရန်ပဲ မေတ္တာတရားခေါင်းပါးတာ ဖြစ်ရအုံးမည်။

"ဆရာ....အာမခံပေးပြီး ပြန်ခေါ်သွားလို့ရပါတယ်ဆရာ... မြန်မြန်သာခေါ်သွားပေးပါဆရာ....ကျွန်တော်တို့ကလည်း တိုင်လို့သာဖမ်းထားရတာ...ဆရာ့သားကိုဖမ်းမယ့်အစား
ကျားဖင်ပဲနှိုက်ချင်ပါတယ်ဆရာ"

ရှောင်ရန် ပြသနာကို မေးတောင်မမေးရသေး။ရဲအုပ်က စကားတွေတရစပ်​ပြောကာ
မြန်မြန်ခေါ်သွားရန် တောင်းပန်တိုးလျှိုးလာသည်။ အိမ်း.....ငမြွှေထိုးအဖေဖြစ်ရတဲ့ဘဝ
မလွယ်ပါလားနော်....

"အူး....ပါးပါးရယ် မြန်​မြန်ထုတ်ပေးပါဗျ
သားအိပ်ချင်နေပြီ"

အချုပ်ခန်းထဲကနေ အာဗြဲကြီးနှင့် လှမ်းအော်​နေပြန်သေးသည့် င​မြွှေထိုးကောင်။

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောWhere stories live. Discover now