4(Unicode)

5.6K 535 23
                                    

ရိပေါ် နေရတာအဆင်မပြေတော့ဘူး။နောက်ကနေစူးစူးရဲရဲကြည့်နေသည့် အကြည့်တစ်စုံကြောင့်။လုပ်နေကျ အလုပ်တွေတောင်စမ်းတဝါးဝါး။ ရှောင်ကျန့်က စတွေ့ကတည်းက သူ့ကိုကောင်းကျိုးမပေးဘူး။မနက်ခင်းကသနားမိတာတောင် ရိပေါ်ကပျောက်ချင်နေပြီ။

"ကဲ.. ငါ့ဆေးခန်းလည်း ပိတ်တော့မယ်
မင်းလည်းပြန်တော့"

ဆေးတွေကို နေရာတကျ ပြန်စီရင်းသူ့ကိုနှင်လာသည့် ချစ်သည်းလေးကြောင့် ရှောင်ကျန့်က စိတ်ထဲမကောင်း။တစ်ကယ်ဆိုသူကဆရာဝန်လေးအဖော်မရှိမှာမို့ ထိုင်စောင့်ပေးတာကို အရှုပ်ထုပ်လို မြင်နေတယ်။

"ကိုကို.....ကိုကိုမကောင်းဘူး"

သူ့ဘေးနားလာကာ မျက်ရည်တဝဲဝဲနှင့်ရန်စကားဆိုလာသော မြို့ကြီးသားကြောင့်ရိပေါ် မျက်လုံးပြူးသွားရသည်။မြို့ကြီးသားရဲ့အသံစူးစူးကြောင့် ဆေးခန်းအပြင်ဘက်ရှိ အဘွားက လှည့်ကြည့်လာသောကြောင့် ခေါင်းသာခါပြလိုက်ရသည်။မသိရင်ကိုယ်ကပဲတစ်ခုခုလုပ်လိုက်သလိုပုံနှင့်...မြို့ကြီးသားနဲ့တော့ခက်ပါတယ်။

"ကိုကိုလို့"

"ဘာ.....ဘာလဲ"

သူ့မျက်နှာနားကပ်က ခပ်ချွဲချွဲခေါ်လိုက်သောမြို့ကြီးသားကြောင့် ရိပေါ်မှာ အယောင်ယောင်အမှားမှား။ မျက်ဝန်းအိမ်ကြည်ကြည်လေးရယ်မျက်ရစ်လှလှလေးရယ်က မြို့ကြီးသားရဲ့သွင်ပြင်ကို ချောမောအောင်ကူညီပေးနေသည်။နှုတ်ခမ်းအောက်ကမှည့်နက်လေးက မြို့ကြီးသားရဲ့စကားတတ်မှုကို ဖော်ပြနေသယောင်။ ရိပေါ်ရဲ့စိတ်အစဥ်က မှည့်နက်လေးကို ထိတွေ့ဖို့ အမိန့်ပေးနေလို့၊
မကိုင်မိအောင် အသိစိတ်ကို ချွန်းအုပ်ထားရသည်။

"ကိုကို ကျွန်တော် ချောတာ ကျွန်တော်သိပါတယ် အဟမ်း"

"သွား....သွား... မင်းပြန်တော့....ငါက....ငါက
ဒီတိုင်းကြည့်တာ"

တစ်ကိုယ်လုံးရှက်ရဲစွာ သူ့ကိုအတင်းနှင်လွှတ်နေသည့် ကိုကိုကငေးကြည့်တာလူမိလို့ ရှက်သွားတာမှန်း သိပ်သိသာသည်။သူ့ကို ဆေးခန်းအပြင်ဘက်တွန်းထိုးနေသည့် ကိုကို့ရဲ့ လက်တွေကို ချုပ်ကိုင်ပစ်လိုက်တော့ တုန်တက်သွားတာများအူယားစရာ။ ကိုကိုက Innocentလေး။ ရှောင်ကျန့်ကတော့ ကိုကိုနဲ့ဆိုလျှင် စိတ်တွေက Dark နယ်​မြေ။

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောWhere stories live. Discover now