16(Zawgi)

2.8K 147 2
                                    

လွင့်မျောနေတဲ့တိမ်တွေကို
ငေးကြည့်ဖူးလား.....
ဒါမှမဟုတ် ဖမ်းဆုပ်ချင်ခဲ့ဖူးလား.....

.....
"အချစ် "

ချစ်တယ်လို့ ဝန်ခံပြီးတဲ့နေ့ကတည်းက အချစ်က သူ့ကို ရှောင်နေခဲ့တာဖြစ်သည်။သူကမရမကမျက်နှာချင်းဆိုင်ပြန်ရင်လည်း အချစ်က တစ်ကိုယ်လုံး နီစွေးလာကာ မျက်ရည်တွေတဝဲဝဲနှင့်မို့ ရှောင်ကျန့်ကလွတ်ပေးလိုက်ရတာချည်း။ နှစ်​ယောက်တည်းရှိသည့်အိမ်မှာ အချစ်က ရှောင်နေတာမို့ ရှောင်ကျန့်က သိပ်တော့ အဆင်မပြေလှ။သူအိပ်ပြီဆိုတာသေချာမှ အခန်းထဲ ဝင်ဝင်လာတတ်မို့ ညနက်မှာစိုးတဲ့သူကပဲ အိပ်ချင်ယောင်ဆောင်ပေးရတယ်။ ဒီနေ့တော့ မရတော့ဘူး။

"ဟမ်....မင်း မအိပ်သေးဘူးလား"

"မောင်ဆို....မောင့်ကိုချစ်တယ်ဆို ဘာလို့ရှောင်နေရတာလဲဟင်"

သူ့ပခုံးပေါ်ရောက်လာသည့်ပူနွေးနွေးအရည်တွေက မောင့်မျက်ရည်တွေလား။ချစ်တယ်လို့ မထင်မှတ်ဘဲ ပြောပြီးကတည်းက ရိပေါ်က မောင့်ကို ရှက်လွန်းလို့ ရှောင်နေခဲ့တာဖြစ်သည်။

"မင်း ငိုနေတာလား "

သူ့ကိုရင်ခွင်ထဲဆွဲထည့်ထားတာမို့ သူကထွက်ဖို့ ပြင်လိုက်ပေမယ့် မောင်က တင်းတင်းကြပ်ကြပ်ဖက်ထားခဲ့သည်။ရှိုက်သံတစ်ချို့ပါ မောင့်ထံက ထွက်လာရတာမို့ ရိပေါ်က မောင့်အက်ျီစကိုသာ ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။မောင်က သူ့အပြုအမူတွေကြောင့်ငိုတာလား။

"ချစ်တယ်....ချစ်တာမို့ မငိုနဲ့နော်...ငါက ရှက်လို့ရှောင်နေမိတာပါ..."

"မောင်လို့....မင်းငိုတော့ ငါပါငိုချင်လာပြီနော်"

ခါးက အက်ျီစကို ခပ်တင်းတင်းဆုပ်ကိုင်ထားပြီး ရှိုက်သံတွေပါ ပါလာတာကြောင့် ရှောင်ကျန့် အချစ်ခန္ဓာကိုယ်ကိုသာ ပိုပြီး ဖက်မိသည်။အချစ်က ရှောင်နေတာကြောင့် စိတ်မကောင်းတာရော အချစ်က မချစ်ပါဘူးလို့ တွေးမိတာရောပေါင်းကာ စိတ်တွေက အဆင်ပြေလှတာမို့ ရှောင်ကျန့်က အသံတိတ်ငိုကြွေးမိခြင်း။

"ချစ်တယ်အချစ်.... မောင်က အချစ်ကိုအရမ်းချစ်တာသိတယ်မလား"

"ငါသိတယ်"

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောWhere stories live. Discover now