15(Unicode )

4.7K 402 16
                                    

"ကလေး"

အလုပ်စားပွဲတွင်ထိုင်ကာ Reportတွေထိုင်စစ်နေရင်း ခေါ်သံကြောင့် မော့ကြည့်မိတော့
ရည်းစားဟောင်း။အိုး.....ဘုရားရေ....ကယ်တော်မူပါ။

"ဘယ်လိုရောက်လာတာလဲ"

ဆိုဖာပေါ်အိပ်ပျော်နေတဲ့အချစ်ကို တစ်ချက်ကြည့်လိုက်ရင်း ရှောင်ကျန့်ခပ်တိုးတိုးမေးမိသည်။

"မက အမေရိကန်က ပြန်ရောက်လာတာ သိပ်မကြာသေးဘူး....ဒီရောက်တော့ ကလေးက
အမ်စတာဒမ်သွားတယ်လို့ကြားတယ်"

သူ့ပခုံးပေါ် ခပ်ဖွဖွသိုင်းဖက်ရင်း စကားဆိုလာတာမို့ ရှောင်ကျန့်အမြန်ပင် ထိုလက်တို့ကိုဖယ်ချရသည်။

"ဟုတ်တယ်....ကျွန်တော့်မှာ ဆိုင်သူပိုင်သူရှိနေပြီမို့....လာရာလမ်းအတိုင်းလှည့်ပြန်သွားပေးပါလား"

စကားကို အပြတ်ပြောလိုက်ပြီး ရှောင်ကျန့်က အိပ်ပျော်နေတဲ့ဆရာဝန်လေးဆီပဲ အကြည့်ပို့သည်။သို့သော် ထပ်ပြောလာသောစကားတို့က ရှောင်ကျန့်ရဲ့ရင်ကို အထိနာစေသည်။

"ကလေးက သူ့ကို ကားတင်ပြေးထားတာဆို...သူကမှမချစ်တာကလေးရယ်...ပြီးတော့ကလေးအတွက် သူက ဆက်ဆံသူမွေးမပေးနိုင်ဘူးနော်...ကလေးလိုချင်တဲ့မိသားစုဘဝလေးသူကဖန်တီးမပေးနိုင်ဘူး....ကွာရှင်းလိုက်ပါ.....ကလေးဖြစ်ချင်တာအကုန်...မလုပ်ပေးမယ်"

သူ့ခါးထက်ရောက်လာသော လက်တစ်စုံနှင့် နီးကပ်လာသော မျက်နှာကြောင့် ရှောင်ကျန့်ကြောင်ငေးနေတုန်း ခါးထက်က လက်တွေက ဖယ်ချခြင်းခံလိုက်ရသည်။

"မောင်....သူကဘယ်သူလဲ...ဘာလို့မောင့်ခါးကိုလာဖက်နေတာလဲ"

သူ့ခါးကို ဖက်ကာ ရင်ခွင်ထဲတိုးဝင်ရင်းပြောလာတဲ့ အချစ်ကြောင့် ရှောင်ကျန့်က အံ့သြနေရတာမို့ ပြောမဲ့စကားတွေက လည်ချောင်းထဲတွင် တစ်နေသည်။ခါးကိုဖက်ထားသော လက်တွေက အနည်းငယ်တင်းလာသည်မို့ ရှောင်ကျန့်ကအချစ်ရဲ့ နဖူးပြင်ကို ငုံ့နမ်းလိုက်ရင်း အချစ်ရဲ့ သဝန်တို ဇာတ်မှာ သရုပ်ဆောင်ဖို့ ပြင်ရသည်။ဒါမျိုးသာ သရုပ်ဆောင်ရရင် ရည်းစားဟောင်းကို ပိုက်ဆံနဲ့ငှားရ ငှားရ။

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောDonde viven las historias. Descúbrelo ahora