13(Unicode)

5.5K 388 14
                                    

စက်ဘီးမြို့တော်၊တူး​မြောင်းမြို့တော်၊ဆေးခြောက်မြို့တော်၊ညဥ့်ငှက်မြို့တော်၊တိုးရစ်မြို့တော်၊ဒိန်ခဲမြို့တော်ရယ်လို့ အသိအမှတ်ပြုထားကြတဲ့ နယ်သာလန်နိုင်ငံရဲ့မြို့တော်မှာ ဘူပိတ်နေတာကတော့ ရှောင်ကျန့်ပါပဲ။ဆေးခြောက်ကိုတရားဝင်အသုံးပြုခွင့်ရထားတဲ့ နယ်မြေမို့ အမ်စတာဒမ်ရဲ့ လမ်းမတွေဟာ လူငယ်တွေနဲ့တရုန်းရုန်းပေမယ့်သူကတော့ ကော်ဖီဆိုင်လေးထဲမှာ သောင်တင်နေရသည်။Cappuccino လေးတစ်ခွက်နဲ့ စာအုပ်ဖတ်နေတဲ့ အချစ်ကြောင့် လျှောက်သွားမယ်ဆိုတဲ့ ရှောင်ကျန့်စိတ်ကူးတွေက ပျက်စီးသွားရသည်။

"အချစ်....မောင်တို့ စက်ဘီးသွားစီးရအောင်လေ"

War &Peaceဆိုတဲ့ စာအုပ်ကို ဖတ်နေတဲ့ ရိပေါ်က သူ့လက်ကို ဆုပ်ကိုင်ရင်းပြောလာတဲ့မြို့ကြီးသားကြောင့် သက်ပြင်းတစ်ချက်ချသည်။မျှော်လင့်ချက်တလက်လက်နဲ့ မျက်ဝန်းတွေကို မရှောင်လွဲနိုင်စွာပဲ လက်ထဲကစာအုပ်ကို နေရာတကျ သွားထားရသည်။

"သွားမယ်"

.....
သူ့ကိုတင်နင်းနေတဲ့ ကောင်လေးရဲ့အက်ျီစကို မဝံ့မရဲကိုင်ရင်းပဲ ရိပေါ်က ကောင်လေးနင်းတဲ့စက်ဘီးကို အခန့်သားထိုင်စီးသည်။နာမည်ကျော် ဗင်းဆင့်ဗန်ဂိုးရဲ့ ဗန်ဂိုးပြတိုက်ရောက်တဲ့အခါ ကောင်လေးက စက်ဘီးရပ်သည်။

"အချစ် ..."

ဗန်ဂိုးရဲ့ ပြတိုက်ကို ငေးနေတဲ့အချစ်ကို သူကခေါ်ပြီး ပါးဖောင်းဖောင်းလေးကို အူယားစွာမွေးကြူ တဲ့အခါ မျက်စောင်းလှလှလေးကို အချစ်ကပေးသည်။ ယောကျာ်လေးပေမယ့် အချစ်ရဲ့ မျက်စောင်းက တစ်ကယ်လှတယ်။

ဗန်ဂိုးရဲ့ ပြတိုက်ကနေထွက်လာပြီး ညနေဘက်ရောက်တော့ ရှောင်ကျန့်က အချစ်ကို အမ်စတာဒမ်ကနေ တစ်နာရီသာသာ ရထားစီးရတဲ့Rotterdamမြို့ကို အရောက်သွားတယ်။ဥရောပ အကြီးဆုံး ဆိပ်ကမ်းမြို့တော်မို့ ရေကြောင်းကုန်သွယ်မှုလုပ်တဲ့လူတွေနဲ့လမ်းမတွေဟာ စည်းကားလို့။
.....
"ဟို....ရှောင်ကျန့်....ငါ့ကို အဝတ်အစားလေးလှမ်းပေးပါလား"

Towelပိုင်းသာ ပတ်ထားတဲ့ ခန္ဓာကိုယ်နဲ့ ကောင်လေးရှေ့ မထွက်ရဲတာမို့ ရိပေါ်က ရေချိုးခန်းတံခါးကိုအသာဖွင့်ရင်း ဂိမ်းဆော့နေတဲ့ ကောင်လေးကို လှမ်းပြောရသည်။
ရိပေါ်ကသာ ကောင်လေးနဲ့မို့ ရှက်နေပေမယ့်ကောင်လေးကတော့ ရေချိုးလို့ လန်းလန်းဆန်းဆန်းတောင်ဖြစ်နေပြီ။

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောWhere stories live. Discover now