12(Unicode)

5.5K 439 41
                                    

"မား!"

ယွီပင်းပြောသွားပြီးတဲ့နောက်ပိုင်း အကပ်မခံတော့တဲ့အချစ်က ဝမ်သူကြီးကတော်ရင်ခွင်ထဲတိုးဝင်ရင်း ငိုသည်။ သူ့ကိုအချစ်က မချစ်ဘူးလားလို့ တွေးမိတဲ့အခါ ရှောင်ကျန့် ပူလောင်ရပေမယ့် လက်လွှတ်လိုက်ဖို့တော့ စိတ်ကူးထဲတောင်မရှိဘူး။

"သား....ဘယ်လို ဖြစ်ရတာလဲ!ချန်မီ နင့်သားက ငါ့သားကို လုပ်ထားတာကိုကြည့်စမ်း.... ငါ့သားနှုတ်ခမ်းတစ်ခုလုံး ပေါက်ရာတွေနဲ့ ယောင်ကိုင်းနေတာပဲ...."

"မားကလည်း"

မားကသူ့မျက်နှာကိုသေချာကြည့်ရင်း ရှောင်မားကိုပြောလိုက်တာမို့ ရိပေါ် ရှက်သွားရသည်။မြို့ကြီးသားကတော့ သူ့ကိုသာ ငေးနေတာမို့ ရိပေါ် မားရင်ခွင်ထဲသာ မျက်နှာဖွက်ထားမိတော့သည်။အတင်းအကြမ်းနမ်းခံထားရမို့ နှုတ်ခမ်းတွေက သိသိသာသာယောင်ကိုင်းနေတာမို့မားကသတိထားမိတာထင်ပါသည်။

"လျန်ဟွားရယ်....ပြီးတာတွေလည်းပြီးခဲ့ပြီဘဲ....ငါ့သားရဲ့အမှားအတွက်တောင်းပန်ပါတယ်...ငါတို့ငယ်ငယ်တုန်းက ကတိအတိုင်းဖြစ်သွားတာပဲ....သဘောတူတယ်မလား"

ဝမ်သူကြီးကတော်ရဲ့ရင်ခွင်ထဲကနေ မားပြောတာကိိုနားစွင့်နေတဲ့အချစ်က အူယားစရာလေး။ 30နားကပ်နေပေမယ့် တစ်ကယ်ကို အချစ်က ကလေးပေါက်စလေးလိုပဲ။

"သဘောမတူဘူး....ငါ့သားနဲ့ မပေးစားနိုင်ဘူး"

ဝမ်မားရဲ့စကားကြောင့် အချစ်ကို ငေးနေတဲ့ရှောင်ကျန့်က ထိတ်ထိတ်ပြာပြာဖြစ်သွားရသည်။

"မား!ပြောပေးပါအုံး.... သားက အချစ်ကို ယူမှာနော်....အချစ် အဲ့လိုကြီးမနေနဲ့ကွာ....အချစ်က မောင့်ယောကျာ်း ဖြစ်နေပြီနော်....အချစ်မားကို ကူပြောပေး​ပါအုံး"

သူက ထိတ်ထိတ်ပြာပြာ ဖြစ်နေသလောက် အချစ်က အေးအေးဆေးဆေးပဲ မို့ သူ့အ​ဖြစ်
က ထိုင်မရထမရ။မားကလည်း ဘာမှမတတ်နိုင်ဟန် မို့ ရှောင်ကျန့်က အချစ်ကို နောက်တစ်ခါခိုးပြေးဖို့ အစီအစဥ်ထပ်ဆွဲရသည်။

"အလိုမတူဘဲ ခိုးပြေးလို့ တရားစွဲပြီးထောင်ချမယ်"

မားရဲ့စကားကြောင့် ရိပေါ် ဘယ်လိုမှမနေနိုင်တော့ဘဲ စကားဝိုင်းထဲ ဝင်ပြောရတော့သည်။
မားလုပ်ပုံကတော့ သူ့ရဲ့အသစ်စက်စက်ခင်ပွန်းလေးက အိမ်ထောင်မကျဘဲ ထောင်ကျမယ့်ကိန်းမို့ ထောင်တော့အကျမခံနိုင်ဘူး။အိမ်ထောင်ပဲ ချပေးတော့မယ်။

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောWhere stories live. Discover now