6(Unicode)

5.2K 479 23
                                    

"မား....မား"

ရိပေါ် မားနားကပ်ကာ တဂျီဂျီခေါ်နေသော်လည်း မားကလှည့်ပင်မကြည့်။ မားနှင့်သူကြားကတောက်ကဆဖြစ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။မားကသူဘာလုပ်လုပ်မချုပ်ချယ်ခဲ့ပေမယ့် မြို့ကြီးသားနှင့်ကျမှ အရာရာကိုကန့်သတ်နေသည်။

"မား...သားတောင်းပန်ပါတယ်
တစ်ခါပဲလေ....မားရာ...တစ်ကယ်တစ်ခါပဲနော်.... နောက်တစ်ခါသားမလိုက်သွားတော့ဘူး....ဘာဖြစ်ဖြစ်ပစ်ထားလိုက်မှာနော်"

လက်ညိုးလေးတစ်ချောင်းထောင်ကာ နှုတ်ခမ်းတထော်ထော်နှင့် ကလေးလေးလို ဘေးနားကပ်ချွဲနေသည့် သားကို ဝမ်မားကအသဲမမာနိုင်တော့။ကြာရင် ဒီကလေးကစိတ်ပြန်ကောက်တော့မှာ။

"သား"

"ဗျာ....မား"

ခါးကိုဖက်ကာ ပခုံးပေါ် ခေါင်းတင်ထားသည့်သားကို ခေါ်လိုက်တော့ ပြန်ထူးလာပုံလေးက ချစ်စရာ။

"မား...အဲ့ကောင်လေးကိုသဘောမကျတာ သိတယ်မလား နောက်ဆို မားကိုချစ်ရင် သူနဲ့ဝေးဝေးနေပါသားရယ် မားသားကိုစိတ်မပျက်ချင်ဘူး"

မားရဲ့စကားကြောင့် ရိပေါ်ရင်မောသွားရသည်။အကြောင်းပြချက်မရှိဘဲ သဘောမကျနေသည်မို့ ရိပေါ် နည်းနည်းလေးတော့ အထွန့်တက်ချင်သည်။

"သူကဘာဖြစ်နေလို့လဲမားရဲ့
ပန်းသီးလုတာကလည်း တစ်ကယ်ဆိုမားက အသက်ကြီးပြီး အလျှော့ပေးသင့်တာ
သူက ကလေးပဲ ရှိသေးတာလေ
လူကြီးဖြစ်ပြီးမားရယ် ကလေးကို အရမ်းမုန်းမနေပါနဲ့"

သူမစကားဆို အငြင်းစကားမဆိုသည့်သားထံမှ ဒုတိယမြောက် အငြင်းစကား။
ဟိုကောင်လေးရဲ့ အကြည့်တွေကို သူမသဘောပေါက်သည့်အပြင် သားရဲ့ စိတ်က ထိုကောင်လေးအပေါ် ယိုင်လုလုဖြစ်နေသည်ကိုလည်း သူမနားလည်တာမို့ မရရတဲ့နည်းနှင့်တားရပါမည်။

"ရိပေါ်....သားကိုမားအပြတ်ပြောမယ်
သားယောကျာ်းလေးမှ သဘောကျတယ်ဆိုရင်လည်း ယောကျာ်လေးကိုယူလို့ရတယ်
တစ်ခုပဲ....အဲ့ဒီကောင်လေးမဟုတ်ရဘူး"

သူမရဲ့စကားအဆုံးမှာ ထိန်းမရအောင်မျက်နှာပျက်သွားတဲ့သားက သက်ပြင်းခပ်လေးလေးချသည်။သူမသားကို မချည်နှောင်ချင်ပေမယ့် ဒီကောင်လေးကိုတော့ တော်တော်သဘောမကျတာမို့ ချည်နှောင်ရပါမည်။

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောWhere stories live. Discover now