9(Unicode)

5.1K 461 35
                                    

"မင်း ဘာလုပ်တာလဲ!ထွက်သွားလို့"

ဒူးထောက်ချလိုက်သည့်သူ့ကိုမြင်တော့ ကိုကိုက မျက်နှာပျက်သွားပေမယ့် အတင်းပဲနှင်နေသည်။ ကိုကိုကိုယ်တိုင်က ချစ်နေတာပဲ...ဘာတွေတွေးပြီး ဝန်မခံတာလဲကို ရှောင်ကျန့်တွေးမရ။တွေ့တာ မကြာသေးလို့လားဒါမှမဟုတ် ကိုကို့မားက တစ်ခုခုပဲ ချုပ်ကိုင်ထားတာလား။ ကိုကို့မားက ကိုကို့ကို ဆေးခန်းကြောင့်ပဲ ခြိမ်းခြောက်လို့ရမှာ။

"ရိပေါ်"

နေ့လယ်ခင်းဆေးခန်းကူထိုင်ပေးဖို့ လာတဲ့ချင်းဟန်က မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အံ့သြ သွားရသည်။ဒူးထောက်ထားတဲ့ သူဋ္ဌေးသားခပ်ဆိုးဆိုးကတော့ သူ့ကိုမြင်တာနဲ့ မကျေနပ်သလို မျက်နှာလွဲသွားပြီး ရိပေါ်​က သူ့ကိုမလုံမလဲကြည့်လာသည်။

"ချင်းဟန်"

"ဘာဖြစ်နေတာလဲ ရိပေါ် နှုတ်ခမ်းကရော ဘာဖြစ်တာလဲ"

"ခများအပူလား ကိုကိုနဲ့ကျွန်တော်ဘာဖြစ်ဖြစ်ပေါ့ ကိုကိုနဲ့ ဝေးဝေးနေ"

သူ့စကားအဆုံးမှာအသံစာစာက ဒူးထောက်ထားတဲ့ကောင်လေးဆီက ထွက်လာသည်။ချင်းဟန် မျက်မှောင်ကြုတ်လိုက်ပြီး ရိပေါ် ဆီက အဖြေကိုပဲ စောင့်ဆိုင်းနေလိုက်သည်။သို့သော် ချင်းဟန် ဘယ်လိုမှ မထင်ထားသော အပြုအမူကို ရိပေါ်က လုပ်ချလာသည်။

"ပြန်တော့ရှောင်ကျန့်..... ငါပြောတဲ့သူက သူပဲ....အဲဒါကြောင့် သူကအခုရော နောင်ရော ငါ့နားမှာရှိနေပြီး ငါ့ရဲ့ အရာအားလုံးကို ပိုင်ဆိုင်မယ့်သူပဲ...."

"ဗျာ....ကိုကို..တစ်ကယ်ပြောတာလား"

သူက အလန့်တကြားပြောလိုက်ပေမယ့်ကိုကိုကအေးအေးဆေးဆေးပင် ထိုလူရဲ့ နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်တွေကို သပ်တင်ပေးနေသည်။အလန့်တကြားထရပ်ထားပေမယ့် ကိုကို့ရဲ့အပြုအမူကသူ့ကို ညွတ်ခွေကျသွားဖို့ပြုစားနိုင်သည်။ကိုကိုက ငြင်းဆန်ရတာသဘောကျပေမယ့် ရှောင်ကျန့်က လိုချင်တာကိုမရရအောင်ယူမယ့်သူမျိုးမို့ ကိုကိုက သိပ်မကြာခင်သူ့အပိုင်ဖြစ်လာရမည်။အချစ်ကို မရလည်း လူကိုပဲ အရင်သိမ်းလိုက်တာပေါ့ကိုကိုရေ....။

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောWhere stories live. Discover now