10(Unicode)

6.1K 469 48
                                    

Daddyနှင့်အလုပ်ကိစ္စဆွေးနွေးနေသည့်လူသားက သွယ်လျသောမေးရိုး၊ပါးလျသောနှုတ်ခမ်း၊အရည်လဲ့နေသည့်မျက်ဝန်းကြည်ကြည်လေးတွေနှင့် ကြွေကျချင်စရာကောင်းလှသည်။သို့သော်ထိုလူသားကချစ်ရသူရှိနေသည့်အခါ သူမငေးကြည့်ရုံကလွဲပြီးမတတ်နိုင်ဘူး။ဘယ်တုန်းကမှ ဖုန်းမဆက်ဖူးသည့်ထိုလူသားထံမှ ဖုန်းဝင်လာသည့်အခါ သူမထခုန်မတတ် ပျော်ရွှင်ဖူးသည်။

သို့သော် ကံတရားကသူမကိုမျက်နှာသာမပေးခဲ့။မာနကြီးလွန်းသည့်ထိုလူသားက တောင်းပန်စကားနှင့်အတူ ရင်ကိုခြွေသော မြားတစ်စင်းပါ ထပ်ပေါင်းထည့်လာသည်။သူချစ်တဲ့ကောင်လေးကို အပိုင်သိမ်းဖို့အတွက် ကူညီပေးပါတဲ့လေ။သိပ်ပါးနပ်လွန်းတဲ့သူမက ထိုစကားဟာ လက်ထပ်ပွဲကို လက်မခံကြောင်းသွယ်ဝိုက်ပြောတာကို နားလည်နေခဲ့ပါသည်။

ထိုလူသားပျော်ဖို့အတွက် သူမက ဘာမဆိုဖြစ်ပေးနိုင်ပါသည်။သူချစ်တဲ့သူက မိန်းကလေးတစ်ယောက်ဖြစ်ခဲ့ရင် သူမကသေချာပေါက် မရရအောင်ယူမှာဖြစ်ပေမယ့် wechatထဲရောက်လာသည့် ခပ်ချောချောအမျိုးသားကိုမြင်တဲ့အခါ သူမမလုယူလိုတော့။ချစ်ရသူမြတ်နိုးနေတဲ့လူသားက မိန်းကလေးတစ်ယောက်မဟုတ်ဘဲ ခပ်ချောချောအဆင်လေးဖြစ်နေသည့်အခါ သူမကအသဲကွဲခံပြီး အရှခံပြီးကို သဘောတူပြီး ကားတင်ပြေးဖို့ အစအဆုံးတာဝန်ယူပေးမှာ။It's me.

"ကိုလ်း ဘာတွေစဥ်းစားနေတာလဲ....လာ...
ပေကျင်း ပြန်မယ်....ငါကိုကို့ကိုလွမ်းနေပြီ"

"Daddyကရော"

"VIP က ကိစ္စတစ်ခုပေါ်လာလို့သွားပြီ.....မဒမ်က VIPကို ဘယ်တုန်းက ဂရုစိုက်တတ်သွားတာပါလဲခမျာ"

ခါးကိုကိုင်းကာ တရိုတသေမေးလာသည့် ရှောင်ကျန့်က ရွဲ့နေတာမှန်းသိသာနေတာမို့ ကိုလ်းကလည်း

"အခုလေးတင်ပဲ ဂရုစိုက်တတ်တာ Mr.Sean
ဒါနဲ့ Mr.Wangရဲ့ မျက်ရည်တွေဝိုင်းနေတဲ့ ပုံရိပ်လေးက မဒမ့်မျက်လုံးထဲမှာ အခုထိစွဲနေတုန်းပဲ"

"မယ်ရီက်ုလ်း....ကိုကိုကငါ့ဟာနော်....စိတ်နဲ့တောင်မပြစ်မှားနဲ့....ဒါနဲ့ မဒမ်ရဲ့သက်တော်စောင့်လေးက မဒမ်ကို သိပ်ကာကွယ်ချင်ပုံပဲနော်"

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောWhere stories live. Discover now