2(Unicode)

7.7K 686 49
                                    

"အ...​ဝေးလိုက်တာ
​လမ်းမလျှောက်ချင်တော့ပါဘူးဆိုဘိုးကလည်းသားခြေထောက်တွေညို​နေပြီတွေ့လား"

ခရီးကပန်းလာရသည့်ကြားမှ သူကြီးအိမ်ကလည်း ဘိုးအိမ်နဲ့ တောင်သမုဒ္ဒရာနဲ့မြောက်သမုဒ္ဒရာလိုဝေးနေပြန်သေးသည်။ ထို့ပြင် ရွံ့ဗွက်တွေကိုလည်း ရှောင်တိမ်းနေရသေးသည်။ဒုက္ခနဲ့ရှောင်ကျန့် ကတော့ ပထမဆုံးရက်မှာတင် ထိပ်တိုက်တွေ့လေပြီ။ လမ်းလျှောက်လေ့မရှိသည့်ခြေထောက်တွေကလည်း ညောင်းကိုက်လာကာ သွေး​ခြေတွေပင်ဥလာရသည်။

"ရောက်ပြီမြေးရေ ရောက်ပြီ
မျက်နှာကြီးစူပုတ်မထားနဲ့
သူကြီးသားက ဆရာဝန် မြေး​ခြေထောက်ကိုပြပြီး ဆေးတောင်းခဲ့ ကြားလား"

ဘိုးရဲ့စကားကြောင့် သူကြည့်မိတော့ အစိမ်းနုရောင်ဆေးတွေသုတ်လိမ်းထားတဲ့ နှစ်ထပ်တိုက်လေးက ပေကျင်းက ရှောင်ကျန့်အိမ်လောက်မခမ်းနားသော်လည်း မျက်စိအေးစေသည်။ခြံရှေ့တွင် နှင်းဆီပင်လေးတွေစီရစီစိုက်ထားသေးသည်။ ဧကန္တ သူကြီးသားကကွေးနေတာများလား.....။

"အဘချန် လာလည်တာလား
ထိုင်ပါအုံး.....မိုချီ...
လက်ဖက်လေးယူခဲ့ပါအုံး"

ရေနွေးကရားကို ရှေ့တွင်ချကာ ယပ်တဖြပ်ဖြပ်ခပ်နေသော သူကြီးဟု ထင်ရသော လူကြီးက လောကွတ်ချော်သည်။

"အာ...နေပါစေ သူကြီးရယ်
ပေကျင်းကလာတဲ့ ကျုပ်မြေးကို ဧည့်စာရင်းလာတိုင်တာပါ"

သူကြီးက စာရင်းစာအုပ်လိုလို စာအုပ်ကို ဟန်ပါပါကောက်ကိုင်လိုက်ပြီး ပါဝါမျက်မှန်ထူထူကြီးကို ကောက်တပ်လိုက်သည်။

"နာမည်ပြော"

"ရှောင်ကျန့် "

"ဘယ်မှာနေတာလဲ "

"အဘိုးအိမ်"

သူကြီးကလည်း အူကြောင်ကြောင်ထင်ပါရဲ့။
ဒီ ရွာမှာ သူသိတာဆိုလို့ ဘိုးတစ်ယောက်ပဲ ရှိတာကို မစဥ်းစားဘဲ မေးနေသည်။ဘယ်လိုပုံစံနဲ့ မဲဆွယ်ပြီး သူကြီးဖြစ်လာတာပါလိမ့်။

"ဟ....မင်းကိုဘယ်ကလာလဲလို့မေးတာ
အဘချန်အိမ်မှာနေမယ်ဆိုတာ မင်းပြောမှငါကသိမှာလား "

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောМесто, где живут истории. Откройте их для себя