5(Unicode)

5.6K 510 50
                                    

"သူကြီး ဗျို့ သူကြီး"

ရိပေါ် အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသည့်အချိန်တွင် နားထဲတိုးသဲ့သဲ့ ဝင်လာသောအသံကြောင့် မီးခလုတ်ကိုဖွင့်ကာ အသံကြားရာဘက်ဆီသို့ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည်။ ခြံရှေ့တွင်ရောက်နေသည်ကဘိုးဘိုးချန်နှင့် အန်တီဇီဇီ။

မြို့ကြီးသားများတစ်ခုခုဖြစ်လို့လားဟူသောအတွေးနှင့်အတူ အပေါ်ဝတ်အပါးလေးထပ်ကာအခန်းထဲမှ အလောတကြီးထွက်မိသည်။
အသံကြား၍ ထွက်ကြည့်သော ပါးနှင့်တောင်တိုက်မိသည်အထိ သူက အလျင်လိုနေရပါသည်။

"သား....ဘာတွေအလောကြီးနေလဲ
ခြံရှေ့မှာဘယ်သူတွေလဲ"

"ဘိုးဘိုးချန်နဲ့အန်တီဇီဇီပါ ပါး"

အန်တီဇီဆိုတာနှင့်ပါးနောက်မှမားက မလိုသည့်အကြည့်တွေနှင့်တုန့်ပြန်လာသည်။ဘယ်ကစမှန်းမသိပေမယ့် အန်တီဇီဇီနှင့််မားကသူသိတတ်စကတည်းက အဆင်မပြေကြ။

"လာလာ....သွားကြည့်ရအောင်သား"

ပါးကရှေ့မှဦးဆောင်သွားကာ သူကမားနောက်ကခပ်ကုပ်ကုပ်သာလိုက်လာရသည်။
စိတ်ထဲမှာတော့ ဘိုးဘိုးချန်ရှေ့သို့သာဖျောက်ခနဲရောက်သွားချင်နေသည်။

"ဘချန် ဘာကိစ္စရှိလို့လဲ ညကြီးမိုးချုပ်"

ဘိုးဘိုးချန်က ပြောရမှာအားနာနေသည့်ပုံနှင့် ပါးတို့ကိုကျော်ပြီး သူ့ကိုကြည့်လာသည်။အန်တီဇီဇီမျက်နှာကလည်း စိုးရိမ်သည့်ဘက်သန်းနေသည်မို့ ဘိုးဘိုးချန် ပြောသည်အထိ
မစောင့်နိုင်တော့ဘဲ ရိ​ပေါ်ထုတ်မေးလိုက်ရသည်။မြို့ကြီးသားကို အရမ်းစိတ်ပူနေပြီကိုး။

"ဟို...ရှောင်ကျန့် ဘာဖြစ်လို့လဲ ဘိုးဘိုး"

ရိပေါ် မေးလိုက်တော့ အားလုံးရဲ့အကြည့်တွေ​က ရိပေါ် ဆီရောက်လာသည်။မားရဲ့အကြည့်ကအဆိုးဆုံးပင်။ မားရဲ့သံသယအကြည့်များအောက်မှာ ရိပေါ်ကမေးမိသည်ကို နောင်တရချင်ပေမယ့် မြို့ကြီးသားကို လည်း
တစ်ကယ်စိတ်ပူနေတာမို့ မသိချင်ယောင်သာဆောင်နေမိတော့သည်။

"မြေးက သစ်ပင်ပေါ်က ပြုတ်ကျလို့ဆိုပြီးနဖူးပေါက်လာတာသားရယ် ။ဆေးထည့်ဆိုလည်းမထည့်ဘူးလုပ်နေတယ်။အခန်းတံခါးလည်းဖွင့်မပေးဘူး။ကူညီပါအုံး"

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောWhere stories live. Discover now