Extra (Unicode&Zawgi)

5.7K 484 12
                                    

"Daddyရေ... ​ပြန်မလာသေးဘူးလား....နောက်ကျနေပြီ....
ပါးပါးကညနေကတည်းနဲ့ငိုနေတာ...ခု ထိလည်းချော့လို့လည်းမရဘူး"

Company မှာ နွေရာသီထုတ်ကုန်အတွက် Reportတွေစစ်နေတုန်း ရိဟော်က Phဆက်လာသည်။ကားသော့ကို ဆွဲပြီး ချွတ်ထားတဲ့အပေါ် ကုတ်ကိုတောင် မဝတ်နိုင်တော့ဘဲ အတွင်းရေးမှူးနေရာ မရမကပြန်လုပ်ခိုင်းထားတဲ့ ယွီပင်းကို အလုပ်တွေလွဲပြီး အိမ်ကိုအမြန်သွားရသည်။

"Daddy"

ရိဟော်လေးက ရှောင်ကျန့်ကို မြင်တော့ အပြေးလာကြိုရင်း သူ့ပါးရှိရာကို လက်ညိုးထိုးပြသည်။မုန့်ခွံတွေပွယောင်းနေသော ဧည့်ခန်းအလယ် မှာ တရှုံ့ရှုံ့နဲ့ ငိုနေတဲ့ အချစ်က သူ့ကို မြင်တော့ ပြေးလာသည်။

"မောင်...အဟင့်"

ရင်ခွင်ထဲကို ဇွတ်ထိုးဝင်လာတဲ့ အချစ်ကျောကို ခပ်ဖွဖွဖက်ရင်း ရိကျန့်ကိုကြည့်တော့ နှာခေါင်းရှုံ့ပြသည်။ရိဟော်ကလည်း ဆိုဖာပေါ် ထိုင်နေသော ရိကျန့်ဘေးထိုင်ကာ မနိုင်ဘူးဆိုသည့်သဘောနှင့် ခေါင်းခါပြသည်။
ဘာလို့ငိုတာလဲ လို့ မျက်ခုံးပင့်ပြတဲ့အခါ ရိကျန့်က TVကို လက်ညိုးထိုးပြသည်။
K dramaတွေ ကြည့်ပြီး သားတွေချော့မရအောင်ငိုလို့ သူ Company ကနေ အိမ်ပြန်လာရတာ သုံးကြိမ်ရှိပြီ။

"အချစ်...K drama တွေမကြည့်ဖို့ မောင်ပြောထားတယ်မလား"

ဆိုဖာပေါ် တွဲခေါ်လာရင်း သူကစကားဆိုတော့ အချစ်က ငိုမဲ့မဲ့မျက်နှာပေးလေးဖြစ်သွားပြန်သည်။

"ငါက ကြည့်ချင်လို့ဟာကို....ဒါနဲ့ သားတွေက မနက်ဖြန်ဆို ကျောင်းတက်ရပြီ....ငါက အိမ်မှာတစ်ယောက်တည်းနေရမှာလား...မောင်မင်းအလုပ်မသွားနဲ့တော့"

"ဒါမှမဟုတ်....ငါပါလိုက်ခဲ့ရမလား"

ရိပေါ် ပြောတာကို နားစိုက်ထောင်​နေတဲ့ မောင်က သူ့စကားအဆုံး မျက်မှောင်ကအနည်းငယ်ကျုံ့သွားသည်။

"မောင်....ပြောလေ....ငါလိုက်ရမလားလို့"

ပါးပါး ၏ တဂျီဂျီကောက်နိုင်မှုနှင့်Daddy၏ချော့မော့မှုတို့က မပြီးနိုင် မစီးနိုင်ဖြစ်မလာခင် ရိဟော်နှင့်ရိကျန့်က လစ်ထွက်ရန်ပြင်ရသည်။မဟုတ်ရင်....ပါးပါးရဲ့ စူးစူးဝါးဝါးအော်ငိုသံကြောင့် နှစ်ယောက်လုံးနားတွေအူရလိမ့်မည်။

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောΌπου ζουν οι ιστορίες. Ανακάλυψε τώρα