14(Zawgi)

2.8K 169 0
                                    

Ring....Ring

ကုတင်ပေါ်တင်ထားသည့်Phသံကြောင့် ရင်ခွင်ထဲက အချစ်က အနည်းငယ်လူးလွန့်လာတာမို့ Phကို အ​မြန်ကိုင်ပြီးရှောင်ကျန့် အချစ် ကျောလေးကို လက်နှင့်ခပ်ဖွဖွပွတ်ရင်း ပြန်သိပ်ရသည်။ သူ့ကြောင့် အိပ်ရေးပျက်ထားတဲ့ အချစ်ကပြန်အိပ်သွားတာမို့ Phယူပြီး ဝရံတာဘက်ထွက်ဖို့ပြင်ရသည်။ဘန်ဂလိုလေးမို့သာ အဆင်ပြေတယ်။

"Boss....သိရပါပြီ"

"Bossတွဲဖူးတဲ့ ကောင်မလေးကို ကြိုက်နေတဲ့သူပါ.....ကျိုးရန်ကျင်းပါ....သူ့အဖေက ကျိုးအုပ်စုက CEOပါ"

"အင်း....ယွီပင်း ကျိုးအုပ်စုကို နလန်မထူနိုင်အောင်လုပ်လိုက်...ကျိုးရန်ကျင်းကို   မသေရုံတမယ် ဖြစ်အောင်လုပ်လိုက်....ဒါနဲ့ အချစ်မသိစေနဲ့"

မဂ်လာမဦးလိုက်ရတဲ့အပြင် အချစ်မျက်နှာမှာပါ အညိုအမဲစွဲ​စေသည့်အတွက် ကျိုးရန်ကျင်းကို ရှောင်ကျန့်လွယ်လွယ်နဲ့ခွင့်မလွှတ်နိုင်ပါ။ကျိုးရန်ကျင်း ထိသည့်သူက အချစ်ဖြစ်နေသည့်အခါ ရှောင်ကျန့်ရဲ့စိတ်ရိုင်းတွေက ထိန်းမနိုင်သိမ်းမရ။အချစ်ကို ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့သူကို ဘာကြောင့်များသူကလောကပါလတရားစီရင်တဲ့ချိန်ထိ စောင့်နေရမလဲ။အဓိပ္ပါယ်မရှိတာ....။

....
"အချစ်....ထတော့လေ....Anne Frankအိမ်သွားမယ်ဆို"

စောင်ပုံကြားထဲနစ်နေတဲ့အချစ်ရဲ့ မျက်လုံးတွေက ငိုထားရလို့ ဖောင်းဖောင်းအစ်အစ်ကလေး။အချစ်ငိုတာသဘောမကျပေမယ့် သူပြုလို့ ငိုတာမျိုးကိုတော့ သဘောကျတယ်။ဖွေးအုနုဖတ်နေတဲ့ အချစ်ရဲ့အသားအရေပေါ်မှာ သူခြယ်သထားတဲ့ အနီရောင်အမှတ်တွေက ဟိုတစ်စ ဒီတစ်စ။

"အချစ်....ထတော့လေ"

ဘယ်လိုနိုးနိုး နိုးသည့်ဘက်ကို ကျောခိုင်းပြီး ပြန်အိပ်သွားတာမို့ ရှောင်ကျန့်က စောင်ပုံကြားထဲက ဆရာဝန်သေးသေးလေးရဲ့ပါးကိုအသည်းယားလှစွာ မွှေးကြူပစ်လိုက်သည်။ထိုအခါကျမှသာ အချစ်က မျက်လုံးတွေကို လက်နှင့်ပွတ်ကာ သူ့ကို ပေကပ်ကပ်ကြည့်လို့။

"ငါ....အိပ်ချင်သေးတယ်လေ....မင်းကြောင့်ငါမနက်မှ အိပ်ရတာကို....ဘာလို့အဲ့လောက်နိုးနေရတာလဲ"

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောWhere stories live. Discover now