အပိုင်း-၁. (Uni)

13.2K 354 10
                                    

တက္ကသိုလ်ကျူတာအဖြစ် ဒီနေ့သွင်စသင်ရဲ့မယ့်အခန်း မဝင်ခင်
ပါမောက္ခရုံးခန်းသို့ဝင်ကာ နှုတ်ဆက်လေသည်။ မင်္ဂလာပါ ပါမောက္ခကြီး။

  "မင်္ဂလာပါမောင်လရောင်သွင်။ မောင်ရင်သင်ရမယ့် အခန်းကောရောက်ပြီးပြီလား။"

  အခုပဲတစ်ခါထဲသွားရင်း အတန်းပါဝင်လိုက်တော့မယ်။

ကောင်းတာပေါ့ မောင်လရောင်သွင်အဆင်ပြေသလိုလုပ်ပါ။ ဆရာက နောက်နေ့မှအတန်းဝင်မယ်ထင်နေတာ။

သွင်ပါမောက္ခကြီးကို နှုတ်ဆက်ကာ၊ သူသင်ရမယ့်အခန်းကို လျှောက်လာကာ အခန်းထဲသို့ဝင်လိုက်တာနဲ့ ကျောင်းသား၊ကျောင်းသူ အားလုံးနှုတ်ဆက်ကြလေသည်။

  "မင်္ဂပါဆရာ အတန်းထဲရှိ ကျောင်းသားအားလုံးတညီတညာထဲ နှုတ်ဆက်ကြလေသည်။"

မင်္ဂလာပါကွယ်။ သွင်အသက်၂၃နှစ်ကျော်သာရှိသေးသော်လည်း ရှိရင်းစွဲအသက်ထက်ကြီးသည့်ပုံစံဖမ်းထားလေသည်။ သွင်မျက်မှန်ကို တစ်ချက်ပင့်တင်ကာ ဒီနေ့တော့ ဆရာမင်းတို့နဲ့ရင်းနှီးချင်ပါတယ်။
သွင်အတန်းထဲသို့ ခြေချမိလိုက်တာနဲ့ ကျောင်းသူအချို့ရဲ့စကားသံကို ကြားရလေသည်။

ငါတို့အတန်းကို သင်မယ့်ဆရာအသစ်လားမသိဘူးနော်။ ချောလိုက်တာဟယ်။ ပမထဦးဆုံးပြောတဲ့မိန်းကလေးရဲ့ စကားကို ထိုမိန်းကလေးနားထိုင်တဲ့ ကောင်မလေးကပါ ထောက်ခံလေသည်။ ဟဲ့အတော်ချောတာနော်။ ငါတောင်မြင်မြင်ချင်း ကြွေနေပြီ။ ဒီလိုချောတဲ့ ဆရာနဲ့သာ စာတစ်နှစ်လုံးသင်ရရင်တောင် အတန်းမပျက်ပဲ အတန်းမှန်မှန်တက်မှာ။

တစ်ယောက်တစ်ပေါက်ပြောနေသောအသံတို့ကို သွင်ကရုမစိုက်ပေ။ အားလုံးပဲ ဆရာနာမည်ကလရောင်သွင်။ မင်းတို့အတန်းကို သင်ရမယ့် ဆရာအသစ်ပါ။

ဟဲ့ နာမည်လေးနဲ့ လူနဲ့လိုက်ဖက်လိုက်တာ။ နာမည်လေးကလှသလို၊ လူကလဲချောလိုက်တာ။ ငါတို့ကျောင်းကKingထက်တောင်ချောသေးတယ်။

အမလေးဒီလောက်ချောတဲ့သူမျိုးတစ်ခါမှ မတွေ့ဖူးသေးဘူး။
ငါ့ရင်တွေခုန်လိုက်တာ ဆရာနဲ့သာရည်းစားဖြစ်လိုက်ရရင်တော့
ဘယ်လောက်ကောင်းလိုက်မလဲ။

မောင့်ရဲ့ကြင်ရာတော်👨‍❤️‍👨Where stories live. Discover now