အပိုင်း-၈ .(Uni)

2.4K 104 0
                                    

"ဖေဖေကျွန်တော်ဆေးကျောင်းမတက်ချင်ဘူးလို့ ဘယ်နှစ်ခါပြောရမလဲ။ သားဝါသနာပါရာကိုပဲလုပ်ပါ့ရစေ။ ပြီးတော့ ဟိုလူကိုပြောခိုင်းဒီလူကိုပြောခိုင်းတာမျိုးလဲမလုပ်ပါနဲ့။"

မင်းကငါ့ရဲ့တစ်ဦးထဲသောမျိုးဆက် ငါမင်းအတွက်နဲ့ အနည်းဆုံးတစ်ခါလောက်တော့ ဘဝမှာမင်းကြောင့်ဂုဏ်တက်ဖူးချင်တယ်ဓန။

အခုကျွန်တော်က ဖေဖေဂုဏ်သိက္ခာကိုချနေလို့လား။ အခုလဲကျွန်တော်အဆင်ပြေအောင်နေနေခဲ့တယ်။ ကျွန်တော်ဆေးကျောင်းမတက်တာနဲ့ပဲ ကျွန်တော်ကလူဆိုးဖြစ်သွားရောလား။ ကျွန်တော်ဝါသနာပါတဲ့ ဆရာဝန်ဖြစ်အောင် ဆေးကျောင်းမတက်ချင်အောင်လုပ်တဲ့သူကဖေဖေပဲ။ ဖေဖေအခုလိုတွေလုပ်ခဲ့လို့ ကျွန်တော်အမေသေခဲ့ရတာ။ ဒါတွေအားလုံးရဲ့အဓိကတရားခံကဖေဖေပဲ။

ငါမင်းအတွက် အဖေတစ်ယောက်အနေနဲ့ မင်းလိုအပ်တာမှန်သမျှကိုငါဖြည့်ဆည်းပေခဲ့တယ်။ အခုတစ်ခါတော့ မင်းဆေးကျောင်းတက်ပြီး သားတစ်ယောက်ရဲ့တာဝန်ကျေမှု့ကိုပြပေးပါ။

သားတစ်ယောက်တာဝန်ကျေမှု့ကို ဆေးကျောင်းတက်မှတာဝန်ကျေမှာလားဖေဖေ။ ကျွန်တော်ငယ်ငယ်လေးထဲကနေ အခုအရွယ်အထိ သားဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ်ဆိုတာကို ဖေဖေမေးမိလား။ အခုဆေးကျောင်းဆိုတာကလဲ ကျွန်တော်ဝါသနာမပါလို့ မတက်တာလေ။ နောက်ပြီးကျွန်တော်နဲ့ပတ်သက်တဲ့သူတိုင်းကို ဖေဖေလိုက်ပြီး ပြဿနာမရှာပါနဲ့။ ကျွန်တော်ပင်ပန်းနေပြီမို့ ဖေဖေလဲပြန်တော့ ဖေဖေရဲ့မိန်းမအငယ်လေးက အခုချိန်ဆိုမျှော်နေရောပေါ့။
ဦးမျိုးဖေဖေကို ကားမောင်းပြီးလိုက်ပို့ပေးလိုက်ပါအုံး။ ဓနသူ့အခန်းရှိရာကိုသွားနေရာမှ ဦးမျိုးရှိရာသို့လှည့်ကာပြောမိ၏။

"ကိုမျိုးသားအခြေအနေကဘာထူးသေးလဲ။ "

အရင်ကလောက်မဆိုးတော့ဘူးဆရာ။ အခုနောက်ပိုင်းလိမ္မာလာပြီ။
ဒါနဲ့ဆရာ ကျွန်တော်သိချင်တာတစ်ခုလောက်မေးချင်လို့ပါ။ ဆရာစိတ်မဆိုးဘူးဆိုရင်ပေါ့။

ကျွန်တော်စိတ်မဆိုးပါဘူး။ ကိုမျိုးတို့က သားလေးနဲ့အနီးကပ်နေရတဲ့သူတွေဆိုတော့ သားလေးအကြောင်းကို ကျွန်တော်ထက်ပိုသိတာပေါ့။

မောင့်ရဲ့ကြင်ရာတော်👨‍❤️‍👨Where stories live. Discover now