အပိုင်း -၁၆. (Zawgyi)

884 21 8
                                    

အချစ်ဆိုတဲ့လမ်းကိုလျှောက်မိတဲ့လူသားတိုင်းရဲ့လမ်းဟာ ဘယ်သောအခါမှ မဖြောင့်ဖြူးတက်ကြပါဘူး။  အဲ့ဒီထဲမှာမှ ယောက်ျားနှစ်ဦးရဲ့ချစ်ခြင်းဟာ ပို၍လက်မခံနိုင်သောနိုင်ငံဖြစ်သော သွင်တို့မြန်မာနိုင်ငံကြီးတစ်ခု အပါဝင်ဖြစ်သည်။ ဒီလိုပဲ သွင်နဲ့မောင်ရဲ့ အချစ်လမ်းကလေးဟာလဲ တစ်ဝက်သာယာဖြောင့်ဖြူးပေမယ့် မောင့်မိသားစုဘက်က လမ်းဟာတော့ကြမ်းတမ်းခက်ခဲစွာလျှောက်လှမ်းနေရဆဲပါ။ သွင်တို့ကျောင်းသားခရီးစဉ်ဖြစ်တဲ့ ချောင်းသာကနေပြန်လာပြီး နောက်တပတ်အထိ သွင့်နဲ့မောင့်ရဲ့အကြောင်းဟာ ကျောင်းသားရေးရာgropမှာ တော်တော်လေးပြန့်နှံ့နေခဲ့သည်။ သွင်အဲ့ဒီအချိန်ကဆိုလျှင် အတော်လေးစိတ်ညစ်ခဲ့ဖူးသည်။ သွင်ပါသနာပါရာ စာသင်တဲ့အလုပ်ကိုစွန့်လွှတ်ရမှာကိုပင်။ သို့ပေမယ့်အချို့ကျောင်းသားများက လက်ခံကျသော်လည်း အချို့ကျောင်းသားများကတော့ လက်မခံကြပေ။ ထို့အချိန်ကဆိုလျှင် မသက်နဲ့မဇင်က သွင့်အနားမှာ အမြဲအားပေးလျှက်ရှိသည်။ အချိန်တွေကသိပ်မကြာလိုက်ပါ အခုဆိုကျောင်းမှာ နေသားတကျပုံမှန်ပြန်ဖြစ်နေသည်။
မောင့်companyမှာလုပ်တဲ့ သွင့်သူငယ်ချင်းနှစ်ယောက်ဆို မယုံကြည်နိုင်ဖြစ်ကာ ဖုန်းဆက်မေးကြသည်။
သွင့်လိုပင်မောင်အတွက်လဲ ဒီလိုပါပဲ။ မောင့်Companyဟာ မြန်မာနိုင်ငံမှာတင်မက အခြားနိုင်ငံအထိပါအောင်မြင်နေသောကြောင့် သွင်နဲ့မောင့်အကြောင်းကို အချို့မီဒီယာသမားများကဖော်ပြကြသည်။ မောင်ကငွေအင်အားသုံး၊ အာဏာသုံးတာကြောင့် သိပ်သတင်းမပေါက်လိုက်တာဖြစ်မယ်။ ဒီနေ့မေမေက မောင့်ကိုအိမ်မှာညစာဖိတ်ကျွေးရန် ဖုန်းဆက်ခေါ်ထားသည်။ သွင်ကတော့ မောင်အလာကို အိမ်ပေါက်ဝအထိ
ထွက်ကြိုနေခြင်းသာဖြစ်သည်။ သိပ်မကြာ သွင်ရပ်နေရာသို့ မောင့်ကားလေးထိုးရပ်လာသည်။

"မောင်ရောက်လာပြီလား..."

"မောင်နည်းနည်းနောက်ကျသွားတယ်။ အရေးပေါ်အစည်းအဝေးပေါ်လာလို့ အစည်းအဝေးပြီးပြီးချင်း အပြေးလာခဲ့ရတာ။ မောင့်ကိုအမောပြေလေး အနမ်းတစ်ချက်လောက်ပေးပါ့လား။"

သွင်မျက်နာရှေ့သို့ Sheinမျက်နာလေးထိုးပေးကာ အမောပြေအနမ်းတစ်ခု သွင့်ဆီကတောင်းခံလိုက်သည်။

မောင့်ရဲ့ကြင်ရာတော်👨‍❤️‍👨Where stories live. Discover now