အပိုင်း-၉. (Uni)

2.1K 100 1
                                    


"ဖေဖေနဲ့မေမေ့ကိုသားပြောစရာတစ်ခုရှိတယ်။ ခွင့်တောင်းတာလို့ပြောလို့ရသလို၊ ခွင့်ပြုပေးပါလို့လဲတောင်းဆိုပါရစေ။ "

"ဖေကြီးရှင့်သားက စကားပလ္လင်တွေခံနေပြီ။ ဒါဆိုသေချာတယ် တစ်ခုခုတော့တစ်ခုခုပဲ။"

ဘာများလဲသား မေမေတို့ကိုပြောချင်တာကို ပွင့်ပွင့်လင်းလင်းပြောပါ။ အခုလိုတွေဝေနေတာ သားပုံစံမဟုတ်ဘူးဆိုတာမေမေသိတယ်။

"သားမှာချစ်ရမယ့်သူရှိနေပြီ။ သူနဲ့ချစ်သူဖြစ်တာသုံးလကျော်ပြီမေမေ။"

သားကရည်းစားရနေတာသုံးလကျော်တောင်ရှိပြီ။ ဒါဆိုမေမေတို့ညံသွားတာပေါ့။ သားရည်းစားက ဘယ်လိုမိသားစုကလဲ။ အဆင့်အတန်းအခြေအနေတစ်ခုလောက်ပြောပြလေ။

သားချစ်သူကတက္ကသိုလ်တစ်ခုမှာကျူတာလုပ်နေတယ်။ သူ့တို်မိသားစုကသာမာန်မိသားစုတစ်ခုထဲကပဲ။ မိသားစုလေးယောက် အဖေကသာမာန်ပွဲရုံတစ်ခုပိုင်ဆိုင်တယ်။ အမေကတော့ မိသားစုအတွက်အိမ်မှာပဲ အိမ်မှု့ကိစ္စတွေပဲလုပ်တယ်။ ညီမလေးကဆယ်တန်းကျောင်းသူတစ်ယောက်ပါ။

သားကကော သူ့ကိုဘယ်လောက်ချစ်လဲ။ သူကကောသားကိုဘယ်လောက်ထိချစ်လဲ။ မေမေကုန်ကုန်ပြောမယ်သားရယ် သူကသားရဲ့ချမ်းသာကြွယ်ဝမှု့ကိုမက်မောတာလားသား။ ဒါကိုသိဖို့မေမေ သားကိုတစ်ခုလောက်အကြံပေးချင်တယ်။ မေမေအမှန်တိုင်းပြောရမယ်ဆိုရင် သူ့ရဲ့စိတ်ကိုစမ်းသပ်ချင်တယ်။ မနက်ဖန်သားရဲ့ကောင်မလေးကို မေမေတို့နဲ့လာတွေ့ခိုင်လိုက်ပါ။

သားချစ်သူကကောင်မလေးမဟုတ်ဘူးမေမေ။ Sheinအပြောကြောင့် တစ်ချိန်လုံးငြိမ်ထိုင်နေသော ဖေဖေပင်ဟန်မဆောင်နိုင် အံ့သြကာ အာမေဋိတ်သံပင်ထွက်ကြလာသည်။

"ဟေ..."

ဖေဖေအသံတစ်ခုထဲထွက်ကျလာက ထိုစကားက "ဟေ"ဆိုတဲ့အသံဖြစ်သည်။

"မေမေကတော့ သားအတွက်မည်သူမည်ဝါ ကျား၊မ လိင်ကွဲတစ်ခုမှစိတ်မဝင်စားဘူး။ သားသဘောကျဖြစ်စေမှာပါ။ သားဟာအရွယ်ရောက်ပြီးသား လူတစ်ယောက်လေ။ ဒါ့ကြောင့်သားအဆင်ပြေရင် မေမေတို့ကလဲကန့်ကွက်စရာမရှိဘူး။"

မောင့်ရဲ့ကြင်ရာတော်👨‍❤️‍👨Where stories live. Discover now