အပိုင်း-၁၅ .(Unicode)

1.7K 86 0
                                    

"မသက်ကျွန်တော် မောင်နဲ့ပဲပြန်လိုက်သွားလိုက်တော့မယ်။"

"ဟယ် ဒါဆိုမသက်တို့နဲ့အတူမပြန်ဘူးပေါ့။"

"ဘယ်လိုပြောရမလဲမသိဘူးမသက်ရယ်။"

"ဘယ်လိုမှပြောမနေပါနဲ့သွင်ရယ်။ မဇင်အသည်းကပိုလို့တောင် ကြေကွဲသွားရပါပြီ။"

မဇင်ရယ်ကျဲကျဲနဲ့ သွင့်ကိုစလိုက်သည်။

"မသက်ရယ် သွင့်ကိုတားမနေပါနဲ့တော့ အခြားကားနဲ့ပဲလိုက်သွားပါစေ။ မဟုတ်ရင် ဇင်ပိုခံစားနေရအုံးမှာ သွင့်ကိုမမြင်ရတော့ ဇင်လဲစိတ်နည်းနည်းသက်သာတာပေါ့။ ပြီးတော့သွင်လဲ သူ့ရည်းစားနဲ့အတူပြန်ချင်နေမှာပေါ့။ ဇင်တို့ကတားလိုက်ရင် ဇင်တို့ကျရင်လဲတားမယ့်သူတွေပေါ်လာနေမှာဆိုးတယ်။"

"မဇင်က အခုလိုပြောနေပြီဆိုတော့ တွေ့နေပြီလား။"

သွင်အမေးကြောင့် မသက်ကပင် ဝင်၍နောက်ပြန်သည်။

"မဇင်ကဒီတသက် အပျိုကြီးလုပ်မှာသွင်ရဲ့ သူ့ပုံစံကလဲအပျိုကြီးဖြစ်မယ့်ရုပ်လေ။"

"မသက်နော် ဇင်ကိုအထင်သေးတာလားပြော ဇင်က သွင်ကိုcrushနေတာကြောင့် ဇင်ကိုလာပြောတဲ့သူတွေကို ငြင်းလွှတ်နေတာပါနော်။ မဟုတ်ရင်အခုချိန်ဆို တစ်ယောက်လောက်ကတော့ အေးဆေးတွဲနေပြီဆိုတာ မသက်သိလား။"

"မောင်ခေါ်နေလို့သွင်သွားတော့မယ်နော်။ ကျောင်းရောက်တော့မှတွေ့ကြရအောင်။ မသက်နဲ့မဇင် သွင်သွားပြီနော်။"

"နောက်နေ့ကျရင်တစ်ဝိုင်းနော်သွင်။"

သွင်ထွက်သွားတာကို နောက်မှလှမ်းအော်သံကြောင့် သွင်နောက်သို့ပြန်လှည့်ကာ လက်မနဲ့လက်ညိုးကိုဝိုင်းပြကာ အဆင်ပြေတယ်ဟု အဓိပ္ပါယ်ပါတဲ့ပုံစံလုပ်ပြလိုက်သည်။

"မောင်..."

မောင့်ဆီလျှောက်လှမ်းနေသော သွင်ခြေလှမ်းများသည် သွက်လက်မြန်ဆန်နေသည်။ မောင့်အနားရောက်တာနဲ့ သွင့်ကိုမောင် အလိုက်သင့်ပွေ့ဖက်လိုက်သည်။ ဘယ်အချိန်ပဲဖြစ်ဖြစ် မောင့်ရင်ခွင်ဟာ အမြဲလုံခြုံစွာနဲ့ နွေးထွေးနေဆဲပင်။

မောင့်ရဲ့ကြင်ရာတော်👨‍❤️‍👨Where stories live. Discover now