အပိုင်း-၂၀ .(Unicode)

1.6K 66 0
                                    

"ဒီ ဒီမှာစီနီယာဓန...."

နောက်မှလှမ်းခေါ်သံကြောင့် ဓနခြေလှမ်းတို့ တုန့်ခနဲရပ်တန့်သွားသည်။

ဟာရအမောတကောဖြင့် ပြေးလိုက်လာရသောကြောင့် အတော်ပင်မောဟိုက်နေသည်။ စီနီယာဓန အနားသို့ရောက်လျှင်စကားမပြောနိုင်သေးပဲ အသက်ရှုသံမြန်ကာ အမောဖြေနေမိသည်။

"ငါ့နောက်ပြေးလိုက်လာရခြင်းရဲ့ အကြောင်းက ဘာများလဲ။"

"ကျွန်တော်အကူအညီတစ်ခုလောက်တောင်းချင်လို့ပါ။"

"မင်းတောင်းတဲ့အကူအညီကို ငါပေးနိုင်မယ်မထင်ဘူး။ အဲ့တော့အခြားတစ်ယောက်ကိုပြောင်းပြီး အကူညီတောင်းလိုက်ပါ။"

"ကျွန်တော်က ဘာမှမပြောရသေးဘူးလေ။ ဘာမှန်းမသိသေးပဲ ငြင်းဆန်တာ တစ်ဖက်လူကိုတော့ အနည်းငယ်အားနာသင့်တယ်လို့မထင်ဘူးလား။"

"ကျွတ်"

ဓနစုတ်တစ်ချက်သပ်လိုက်မိသည်။

"ငါအတန်းဝင်စရာရှိသေးတယ် ချာတိတ်။ မင်းမှအချိန်တွေပိုနေတယ်ဆိုရင် တစ်နေရာရာမှာ အချိန်သွားဖြုန်းလိုက်။"

ဓနစိတ်မရှည်စွာနဲ့ ထိုချာတိတ်နားမှ လှည့်ထွက်လာခဲ့သည်။

"ခနနေဦး"

သူ့အနားကလှည့်ထွက်သွားသော ဓနလက်လှမ်းဆွဲကာတားလိုက်သည်။

"ခင်ဗျားကိုကျွန်တော်ကူညီထားဖူးတာရှိတယ်ဆိုတာကို မှတ်မိသေးလား။"

"မမှတ်မိဘူး"

"ခင်ဗျားမှတ်မိပါတယ်။ မမှတ်မိချင်ယောင်ဆောင်နေတာပါ။"

"မင်းဘာတွေအရစ်ရှည်နေတာလဲ ချာတိတ်။ ငါ့မှာအချိန်မအားဘူး။ မင်းဘာဖြစ်ချင်တာလဲဆိုတာကို ငါ့ကိုပြော။"

ဒါသူလိုချင်သောအကွက်ထဲသို့ ဝင်လာပြီမို့ အာဟာရခပ်​တွေတွေစဥ်းစားနေသည့်ပုံစံဖမ်းလိုက်သည်။

"မင်းမပြောဘူးဆိုရင် ကိုယ်သွားတော့မယ်။"

"ကျွန်တော်ကို စာသင်ပေးရမယ်။ နောက်တစ်ခုက ကျွန်တော်ကို မနက်တိုင်းစားစရာတစ်ခုနဲ့ miloတစ်ဘူးပို့ပေးရမယ်။"

မောင့်ရဲ့ကြင်ရာတော်👨‍❤️‍👨Where stories live. Discover now