အပိုင်း-၁၂ .(Uni)

1.9K 90 1
                                    

သွင်ကုတင်ဘေးတွင် ဘယ်အချိန်ကအိပ်ပျော်နေမှန်းမသိ အိပ်ပျော်နောဓနကိုတွေ့လိုက်သည်။ ဒီလိုကျပြန်တော့လဲသွင် ဓနကိုသနားမိပြန်သည်။
ဒါပေမယ့်သွင်သူ့ကိုမချစ်နိုင်။ ညီလေးတစ်ယောက်အဆင်ထက်ပို၍မရ
မောင့်ကိုပဲသွင်ချစ်သည်။ ဓနကိုမျှော်လင့်ချက်တွေပေးနေသလိုများဖြစ်နေသလားလို့ သွင်တစ်ခါတစ်လေ
စဥ်းစားမိသည်။

"ဓန..."

"ဓန..."

ဓနလက်မောင်းကို အသာလှုပ်ကာ သွင်နှိုးလိုက်သည်။

"ကိုသွင်အစောကြီးရှိသေးတယ် ပြန်အိပ်လေ။ ဘာလိုချင်လို့လဲ။ ဗိုက်ဆာနေလို့လား။ ကျွန်တော်ဘာလုပ်ပေးရမလဲ။"

ဓနရဲ့ပြာယာခတ်စွာအမေးကြောင့် သွင်ပြုံးမိလိုက်သည်ထင်။

"ကိုသွင်ပြုံးနေရင် ဘယ်လောက်အထိချစ်ဖို့ကောင်းလဲ။"

ဓနပြောလိုက်သောစကားဟာ မောင့်ကိုပိုလို့ပင်သတိရစေသည်။ မောင်လဲအခုလို သွင်ပြုံးလိုက်လျှင် ချစ်ဖို့ကောင်းသည် ဘယ်သူရှေ့မှ အဲ့ဒီလိုမပြုံးဖို့အတွက်ကိုလဲ မောင်ကအတ္တဆန်ဆန်သတိပေးခဲ့ဖူးသည်။

"ကိုသွင်ဘာဖြစ်လို့လဲဟင်။ ကိုသွင်မကြိုက်ရင် ကျွန်တော်မပြောတော့ပါဘူး။"

ဓနစကားပြောမှားသွားပြီထင်ကာ သွင့်ကို အားနာစွာနဲ့တောင်းပန်နေပြန်သည်။

"အောက်မှာအိပ်မနေတော့နဲ့ ကုတင်ပေါ်တက်အိပ် မဟုတ်ရင် မင်းခန္ဓာကိုယ်တစ်ခုလုံးမသက်မသာဖြစ်နေလိမ့်မယ်။"

"ဗျာ..."

"အော် ကုတင်ပေါ်တက်အိပ်ပါလို့ပြောနေတာကို မကြားတာလားဓနရာ။"

"ဟို ဟို...."

"ကိုသွင်ပဲကုတင်ပေါ်ပြန်တက်အိပ်လိုက်ပါ။ ကျွန်တော်ဆိုဖာပေါ်သွားအိပ်လိုက်ပါ့မယ်။"

"ဒီမှာကုတင်ကအကျယ်ကြီးပဲမဟုတ်လား။ ဒီမှာပဲအိပ်လိုက်လာ။ ညီအကိုတွေပဲဟာ ကုတင်တစ်ခုထဲအိပ်တာ ဘာထူးဆန်းမှာမို့လို့လဲ။"

"ရတယ်ကိုသွင်ပဲအိပ်လိုက်ပါ။ ကျွန်တော် ဆိုဖာခုံပေါ်အိပ်တာပိုပြီးသက်တောင့်သက်သာဖြစ်လိမ့်မယ်ထင်တယ်။"

မောင့်ရဲ့ကြင်ရာတော်👨‍❤️‍👨Where stories live. Discover now