အပိုင်း-၂၇ .(Unicode)

1.9K 73 1
                                    

"ဟိတ် လည်ပင်းကအရာတွေက ဒို့သိတယ်နော်။"

ဟာရအိမ်ထဲလှမ်းဝင်လာသော ခြေထောက်တို့ရပ်တန့်သွားခဲ့သည်။ နန်းဆန်သူဝင်လာသော တံခါးမကြီးနံရံတွင်မှီထားရင်း ပြောလိုက်သည်။ ရွှေရည်ကတော့ ဧည့်ခန်းဆိုဖာပေါ်တွင် ခြေချိတ်ကာထိုင်နေသည်။

ဟာရအနားကို နန်းဆန်တဖြည်းဖြည်းချင်းလျှောက်လှမ်းလာခဲ့သည်။ နန်းဆန်ရဲ့ပုံပန်းသဏ္ဍာန်ဟာ အပြစ်သားတစ်ယောက်ကို စစ်ဆေးတော့မည့်ပုလိပ်တစ်ယောက်သွင်ပြင်ပုံစံဖမ်းထားသည်။

တနေကုန်လုံးပျောက်နေရတဲ့အကြောင်းရင်းက ဘာများဖြစ်မလဲ။ ဟာရဆီကဖြေရှင်းချက်ကိုကြားချင်နေမိသည်။

"ဘယ်ကအရာတွေလဲ။"

ဟာရပုံစံမပျက် ခပ်တည်တည်နဲ့ဘာမှမသိသောသူတစ်ယောက်လို မျက်လုံးအပြူးသားနဲ့ပြန်မေးလိုက်သည်။

"ဒီမှာလေ နင့်လည်ပင်းမှာအရာဖြစ်နေတာ။"

ဟာရလည်ပင်းအထက်နားက ခပ်ရဲရဲအနီအရာတစ်ခုကို နန်းဆန်လက်နဲ့တို့ထိရင်းပြောလိုက်သည်။

"ဘယ်နားလဲ ငါ့လည်ပင်းကိုအကောင်ကိုက်သွားတာကော မဖြစ်နိုင်ဘူးလား။"

ဟာရစကားကြောင့် ရွှေရည်ပါစိတ်တိုလာချင်သည်။ သူငယ်ချင်းတွေကိုတောင် ညာနေတဲ့ဟာရကို မျက်နာစူပုတ်ပုတ်နဲ့ကြည့်နေသည်။

"ငါတို့ကနင့်သူငယ်ချင်းကြီးပါဟယ်။ အမှန်တိုင်းပြောစမ်းပါဟာရ။ နင့်ကို ကိုဓနခေါ်သွားတာကကော။ နင်ကြာမယ်လို့တော့မကြံနဲ့နော်။ ငါတို့ဖုန်းဆက်တော့ နင်ရေချိုးနေတယ်လို့ ကိုဓနကပြောတယ်။"

"အေးလေ ငါရေချိုးနေလို့ရေချိုးတယ်ပြောတာလေ။ သူပြောတာဘာမှားနေလို့လဲ။"

ဟာရအခုချိန်ထိဝန်မခံသေးပေ။

"နင်တို့ဘာမှမဖြစ်ခဲ့ဘူးလို့ပြောချင်တာလား။ ဒါဆိုနင့်နဲ့သူဘာလို့အတူရှိနေရတာလဲ။"

ဟာရခေါင်းကို ခပ်ပြင်းပြင်းကုပ်လိုက်မိသည်။ မေးသူကမေးရဲကြပေမယ့် ဖြေရမယ့်ဟာရကတော့ မျက်နာပူကာ ရှက်နေမိသည်။

မောင့်ရဲ့ကြင်ရာတော်👨‍❤️‍👨Where stories live. Discover now