အပိုင်း-၄. (Uni)

3.8K 171 0
                                    

သားရေ ကုသိုလ်ရှင်တွေရောက်လာပြီ။

ဂေဟာမှူးရဲ့စကားကြောင့် သွင်ကလေးများကို တန်းစီခိုင်းကာ ညီညာစွာသွားခိုင်းလေသည်။
    သားတို့သမီးတို့ရေ ဖြေးဖြေးနဲ့မှန်မှန်ညီညာစွာသွားကြနော်။ကလေးများကိုဘအလှူရှင်ရှိရာ ခန်းမထဲသို့ ဝင်ရောက်ခိုင်းကာ သွင်ပါကလေးများနဲ့အတူလိုက်လာခဲ့လေသည်။

အလှူရှင်နဲ့ဝန်းထမ်းများက ကလေးများအတွက်လိုအပ်သော ကျောင်းသုံး စာအုပ်၊ ဖိနပ်၊လွယ်အိတ်နဲ့ကလေးတစ်ယောက်အတွက်လိုအပ်သော ပစ္စည်းအမျိုးအစားများစွာကို ဝေပေးကြလေသည်။ အလှူရှင့်ရဲ့ မေတ္တာကြောင့်နေ့လည်စာကိုပါလှူဒါန်းသောကြောင့် နေ့ခင်းစာအာဟာရကိုလဲ အလှူရှင်မိသားစုနဲ့အတူပျော်ရွှင်ကြရလေသည်။

ကလေးများရှေ့ရှိ ထမင်းပန်းကန်ထဲတွင် နေ့ခင်းစားများကိုလိုက်လံထည့်ပေးကာ ကလေးများကနေ့ခင်းစားမစားခင် အလှူရှင်အတွက်ဆုတောင်းပေးကြလေသည်။ ကလေးများ၏ ဆုတောင်းသံဟာ ဂေဟာရဲ့ခန်းမထဲတွင် ကျယ်လောင်စွာထွက်ပေါ်လာခဲ့လေသည်။
သွင်ဤမြင်ကွင်းကိုအရမ်းကြည်နူးမိလေသည်။ သွင်ကလေးများအတွက်လိုအပ်သော အရာများကိုလိုက်ဖြည့်ပေးရင်း လူတစ်ယောက်နဲ့ဝင်တိုက်မိလေသည်။
ဆောရီးပါဗျ ကျွန်တော်မမြင်လိုက်မိလို့ပါ။ သွင်ထိုသူကို အနူးအညွတ်တောင်းပန်မိလေသည်။

"ကျွန်တော်က တမင်သက်သက် ဝင်တိုက်တာမျိုးဆိုရင်ကော ကျွန်တော်ကအရင်စပြီးတောင်းပန်ရမလား။"

သွင်ထို​သူကိုမော့ကြည့်မိလိုက်လေသည်။ သွင်ကိုပြုံးပြနေသော အပြုံးဟာသိပ်ကိုလှပလွန်းလှသည်။ နှုတ်ခမ်းရဲရဲ၊နှုတ်ခမ်းနီများဆိုးထားတယ်လို့ပင်ထင်မိလေသည်။ မျက်ခုံးနှစ်ဖက်လုံးဟာလဲ ပြေပြစ်သောသူ့ရုပ်သွင်ပြင်နဲ့လိုက်ဖက်လွန်းလှသည်။ နှာတန်စင်းစင်း၊ အသားအရည်ကဖြူတာမျိုးမဟုတ်ပဲ။ မြန်မာအမျိုးသားတို့မှာရှိသင့်တဲ့ အသားအရည်ရွှေဝါရောင်လို လှပလွန်းသည့်အသားအရည်ကိုပိုင်ဆိုင်ထားပြန်လေသည်။ အရပ်ကလဲ၆ပေအထက်ရှိလောက်မည်။ အကုန်လုံးခြုံပြောရမယ်ဆိုလျှင် သိပ်ကိုပြည့်စုံလွန်းတဲ့ယောကျ်ားပျိုတစ်ယောက်လို့ပင်ထင်မိလေသည်။ သွင်အတော်ကြာအောင် သတိလက်လွှတ်ငေးကြည့်နေကာ ပတ်ဝန်းကျင်နဲ့ တဒင်္ဂအဆက်အသွယ်ပျက်သွားလေသည်။

မောင့်ရဲ့ကြင်ရာတော်👨‍❤️‍👨Where stories live. Discover now