အပိုင်း-၁၁ .(Uni)

1.9K 92 0
                                    


သွင်မျက်လုံးတို့ဖွင့်မရအောင် ကျိမ်းစက်နေသည်။ ခန္ဓာကိုယ်တစ်ခုလုံးပါ လှုပ်မရအောင် ညောင်းကိုက်လို့နေသည်။

"ရေ ရေတိုက်ပါ...."

သွင်လည်ချောင်းတစ်ခုလုံးကွဲအက်နေသလားလို့ပင် ထင်ရအောင်နာကျင်လွန်းလှသည်။

"ကိုသွင်ရေရပြီ။"

သွင်ပါးစပ်နားရောက်လာသော ရေခွက်ကို အငမ်းမရမော့သောက်လိုက်သည်။

"ဖြေးဖြေးသောက်ပါကိုသွင်။ "

သွင်မျက်လုံးတို့ဖွင့်မရသည့်တိုင် အသံပိုင်ရှင်ကို သွင်သိသည်။

ဓန ကိုသွင်မျက်လုံးတွေဖွင့်မရဘူး။ ဘာမှလဲမမြင်ရဘူး။ ကိုမျက်လုံးကန်းသွားတာလား။ ကိုသွင်ကိုပြောပြပါ။ ကိုယ်သတိမေ့နေတာ ဘယ်နှစ်ရက်လောက်ရှိနေပြီလဲ။"

"တပတ်ပြည့်ပြီ ကိုသွင်သတိမေ့နေတာ။"

ဓနအပြောကြောင့် သွင်စိုးရိမ်စိတ်တို့တားဆီးမရပေ။

"ဒါဆိုကိုသွင့် မိသားစုကိုဖုန်းဆက်ပြီးအကျိုးအကြောင်းပြောပြရမယ်။ ပြီးတော့မောင်။ မောင်က ကိုသွင့်ဆီကိုဖုန်းခေါ်နေတော့မှာ။ မောင် ကိုသွင့်ကိုဖုန်းခေါ်မရရင် စိတ်ပူနေတော့မှာ ကိုသွင့်ကိုဖုန်းပေးပါဓန။"

"ကိုသွင်မိသားစုကိုတော့ ကျွန်တော်ဖုန်းဆက်ပြီးအကြောင်းကားထားပါတယ်။ အခုက ကိုသွင်အရမ်းအားနည်းနေတယ်။ ဆရာဝန်ကလဲ အားပြန်ပြည့်လာအောင် အနားယူခိုင်းထားတယ်။ "

"မောင်ကိုဖုန်းခေါ်ပေးပါ ဓန။ ကိုသွင်မောင့်နဲ့ဖုန်းပြောချင်တယ်။"

"အခုချိန်မှာတော့ ကျွန်တော်ကိုနားလည်ပေးပါ ကိုသွင်။ ကိုသွင်နဲ့သူ ဘာတွေဖြစ်ခဲ့သလဲ။ ကိုသွင်အခုလောက်အထိဖြစ်သွားတာသူကြောင့်ပဲ။ အခုတော့ပြန်အားပြည့်အောင် တရေးလောက်ပြန်အိပ်လိုက်ပါ။"

ဓန ကိုသွင်ကိုအိပ်ယာပေါ်တွင် ပြန်လည်အနားယူခိုင်းကာ ဧည့်ခန်းကိုထွက်လာခဲ့သည်။
ကိုသွင်ကျွန်တော်အပေါ်ကို ရက်စက်လွန်းတယ်။

"လွန်ခဲ့သောတစ်လခန့်က...."

ဓနအကိုနဲ့တွေ့ချင်တယ်ဆိုတာက အရေးတကြီးပြောစရာရှိလို့လား။ အရမ်းအရေးကြီးရင် ကျောင်းကိုလိုက်လာလဲရတာကို။

မောင့်ရဲ့ကြင်ရာတော်👨‍❤️‍👨Where stories live. Discover now