အပိုင်း-၇ .(Uni)

2.7K 118 0
                                    

"ဟယ်လိုသွင် မောင်အိမ်ရှေ့ရောက်နေပြီ။"

မောင် သွင့်ကိုစနေတာလား။ သွင်မယုံကြည်စွာနဲ့ပြန်မေးမိလေသည်။

သွင်မယုံရင် ပြတင်းပေါက်ကနေလှမ်းအပြင်ကိုလှမ်းကြည့်လိုက်လေ။

သွင်အိမ်အပေါ်ထပ် သူ့အခန်းကနေလိုက်ကာစဖယ်ကာ ကြည့်လိုက်တော့ အမှန်ပင်မောင် အိမ်ရှေ့မှာကားရပ်ထားကာ ကားပေါ်မှလက်လှမ်းပြနေလေသည်။

"ဘယ်လိုလဲ မောင့်ကိုယုံပြီလားသွင်။"

မောင်ကလဲ ဖေဖေတို့တွေ့သွားရင်ခက်ရချီသေး။ သွင်နာရီကိုကြည့်လိုက်တော့ ဒီအချိန်ဆိုသူသွားရမည့်အချိန်ဖြစ်နေသောကြောင့် တော်သေးသည်။ မဟုတ်ရင်ဖေဖေတို့တွေ့ပြီး မေးလျှင်ဘယ်လိုဖြေရမှန်းမသိပေ။

မေမေသားနောက်ကျနေမှာဆိုးလို့သွားတော့မယ်နော်။ ဖေဖေသားသွားပြီ။ ညီမလေးကော ကိုကိုသွားပြီနော်။ သွင်တစ်ယောက်ချင်းနှုတ်ဆက်ကာ အိမ်ရှေ့သို့ပြေးထွက်သွားလေသည်။

"ဟဲ့သား ဘယ်လိုလုပ်ပြာယာခတ်နေရတာလဲ။ မနက်စာလဲစားမသွားဘူး။ ဒေါ်ကေသီခိုင်သားဖြစ်သူကို လှမ်းအော်လိုက်သော်လည်း သားဖြစ်သူကမကြားတော့ချေ။"

ကေသီမင်းသား ဒီနေ့မှဘယ်လိုဖြစ်လို့ အလျှင်လိုနေရတာလဲ။ ဦးနေမျိုးဇနီးဖြစ်သူကိုလှမ်းမေးလိုက်လေသည်။

ဘယ်သိမလဲတော် ဒီနေ့ကျမှဒီကောင်လေးအတော်ထူးဆန်းနေတယ်။ ဒေါ်ကေသီနာရီကိုကြည့်လိုက်တော့ အရင်ကဒီအချိန်နဲ့ အဝတ်အစားလဲလို့ပင်မပြီးသေး။

"မေမေတို့သား ကိုကိုရည်းစားတွေ ဘာတွေများရနေလားမသိဘူးနော်။"

သွင်အိမ်ရှေ့တွင်ရောက်နေသော မောင့်ကို မိသားစုများမြင်သွားမှာစိုး၍ သွင်အလျှင်အမြန်ပြေးထွက်လာခဲ့လေသည်။

သွင်ဖြေးဖြေးလာလေကွာ။ မတော်လဲကျနေပါအုံးမယ်။ ဘယ်လိုကြောင့် ပြေးလားနေရတာလဲ။

သွင်မောင့်စကားကို အရေးမစိုက်နိုင် မောင့်အနားရောက်လျှင် ကားပေါ်မြန်မြန်တက်မောင် သွင်ခပ်မြန်မြန်ပြောကာ သွင်ကားတံခါးဖွင့်ကာဝင်ထိုင်လိုက်လေသည်။

မောင့်ရဲ့ကြင်ရာတော်👨‍❤️‍👨Where stories live. Discover now