Part-1

16.7K 1K 14
                                    

"Yibo..သားရေ.. သားကျဲကို သွားနှိုးပါဦး..ရုံးချိန် မမှီပဲ နေမယ်"

"ဟုတ်..မား"

အပေါ် ထပ်သို့ တပ်လာကာ Yiboက အစ်မ ဖြစ်သူ၏အခန်း တံခါးကို ခေါက်သည်..တုံ့ ပြန်သံမကြားရ..

"ကျဲ..ငါ ဝင် လာပြီနော်"

လော့မချထားသော တံခါးကြောင့် Yiboဝင်လာသည်..ဘုရားစူး..သူ့ အစ်မရဲ့ အခန်းက မြွေတောင် အောင်းရင် အောင်းလို့ရနိုင်သည်..မုန့်ခွံတွေ.. စာအုပ်တွေ ကြားထဲက ကုတင်ပေါ် မှာ Laptopပေါ်မှောက်ကာ လောကကြီးနဲ့ အဆက်အသွယ် ပြတ်နေသည့် သူ့ အစ်မကို ကြည့်ကာ Yiboက သက်ပြင်းချ လိုက်ပြီး..

"ကျဲ...ကျဲ. ထတော့."

"ဟင်..အင်း..ခဏ"

"ကျဲ..ထတော့လို့. နင် ရုံးနောက်ကျတော့မယ်..8 နာရီထိုးနေပြီ"

"ဘာ"

ဒီတော့မှ ငေါက်ခနဲ ထလာသည်..Laptop ကို ထိမိသွားတာကြောင့် Yiboက ဘာရယ်မဟုတ် Screen ကို ကြည့်မိတော့.

"အာ..ကျဲ..နင်."

Laptop ပေါ်မှာ ယောကျာင်္း လေး နှစ်ယောက်ရဲ့ အဝတ်မပါ ပဲ အိပ်ရာပေါ် မှာ..

ကျဲက သူ့ကို သွားဖြဲ ပြကာ.

"ဟီး..နင်ကလဲ..Manhwa ဖတ်နေတာပါဟ..အဟီး..ဒါကြောင့် ညက အိပ်တာ နောက်ကျသွားတာ"

"အေး..နင် အဲ့ဒါတွေပဲ လုပ်နေ..ယောကျာင်္း ရမှာ မဟုတ်ဘူး".

"ငါကလဲ မလိုချင်ပါဘူး..Yibo မောင်လေး နင် ကောင်လေးတွေကို မကြိုက်ချင်ဘူးလား"

"ကျဲ!!"

"ငါ့မောင်လေးက Straight ဖြစ်နေတာ ရင်ထဲ မကောင်းဘူး..ငါက ယောင်းမ မလိုချင်ပဲ မတ်ပဲ လိုချင်တာကိုး"

"ကျဲ..တော်..တော်တော့.."

Yiboက နားပိတ်ကာ ထွက်လာခဲ့ သည်..ကျဲ က Fujoshi ဆို လား..သူ့ ကိုယ်သူ ပြောတာ..တစ်နေ့နေ့ အဲ့ ယောကျာင်္း လေး နှစ်ယောက် ချစ်ကြိုက်တာတွေရေးထားတဲ့ Manhwa တွေ Seriesတွေ ကြားထဲ ပဲ ခေါင်းစိုက်နေတာ..သူ့ ဘာသာ ရူးတာ အရေး မကြီး သူ့ကိုယ်ပါ ခဏ ခဏ ကွေးခိုင်း နေလို့ သူ့မှာ ကျဲနဲ့ စကားတောင် မပြောရဲ..

....

"မား...သမီးသွားတော့မယ်"

စားပွဲ ပေါ်က Sandwich ကို ပါးစပ်ထဲ ကောက်ထည့်ကာ ကျဲက ပြေးသွားသည်.

Where is my Daddy?? (Completed)Where stories live. Discover now