Part- 11

7.8K 879 57
                                    

စေ့စပ်ပွဲ က အပြန် လမ်းမှာ အရမ်း ငိုချင်လာတာကြောင့် Yibo ကားကို ရပ်ကာ ငိုမိသည်။
Xiaozhan... သူချစ်တဲ့ Xiaozhan...
Xiaozhan ကို ဘယ်အချိန် ကစပြီးချစ်ခဲ့ မှန်းသူမသိတော့ဘူး။ သူ သတိထားမိတဲ့ အချိန်မှာ Xiaozhan က သူ့နှလုံးသားတစ်ခုလုံးကို နေရာ ယူပြီးသွားပြီ။

Xiaozhan နဲ့သူ ဟာ လုံးဝမနီးစပ်နိုင်တဲ့ လူနှစ်ယောက် ။ Xiaozhan က သူ့အပေါ် စိတ်ဝင်စားနေခဲ့တယ်ဆိုရင်တောင် သူတို့နှစ်ယောက်က မဖြစ်သင့်ဘူး။ Xiaozhan က သူ့တူမလေး Lin Chi ရဲ့ အဖေ။ ကျဲနှင့် Xiaozhan ဟာ မသက်ဆိုင်ခဲ့ဘူးဆိုပေမယ့် Lin Chiရဲ့ မိဘနှစ်ပါးဆိုတာတော့ အမှန်တရားတွေပဲ။
သူ့တူမလေးရဲ့ အဖေအရင်းကို သူဘာလို့ တပ်မက်နေမိရတာလဲ။
Xiaozhan က ဒီနေ့ အဖြူရောင် ဝတ်စုံနဲ့ ပိုခန့်ညားနေသလိုပဲ။ ဘေးနားမှာ ရှိတဲ့ ချောမောလှပတဲ့ မိန်းကလေးနဲ့ ဆိုတော့ ပိုပြီး တောက်ပနေသလိုပဲ။
အစထဲက မဖြစ်နိုင်ဘူးလို့ အတန်တန် တွေးမိပေမယ့် Xiaozhan တစ်ခြားတစ်ယောက်နဲ့ လက်ထပ်တော့မှာကို သူ မကြည့်နိုင်ဘူး။ ရင်ဘတ်ထဲက အရမ်းနာတယ်။
ကျွန်တော် ခင်ဗျားနဲ့ ပြန်မတွေ့ ခဲ့ရင် ကောင်းမှာပဲ Xiaozhan ရာ..။

......

"သားတောင် ပြန်လာပြီပဲ"

Lin Chiကို ငယ်ငယ်လေးထဲက ထိန်းပေးခဲ့တဲ့ ကလေးထိန်း အဒေါ်ကြီးကို သူ ခေါင်းညိမ့်ပြလိုက်သည်။

"Lin Chi ရော အဒေါ်"

"ခုနက သားအခန်းထဲ ဝင်သွားတာတော့ တွေ့လိုက်တယ်"

"ဒီကလေးမလေး ကတော့ အခုထိ မအိပ်သေးဘူးလား"

"သားကြည့်ရတာ အရမ်းပင်ပန်းနေတဲ့ ပုံပဲ..နားလိုက်လေ..အဒေါ် Lin Chi ကို သိပ်လိုက်မယ်"

"ရတယ်..အဒေါ်.. ကျွန်တော် ဘာမှ မဖြစ်ပါဘူး..Lin Chiကို ကျွန်တော် ပဲ သိပ်လိုက်ပါ့မယ်..အဒေါ်လဲ နားတော့လေ..ညဥ့်နက်နေပြီ"

အဒေါ်ကြီးကို စကားပြောပြီး အပေါ်ထပ်တက်ကာ သူ့အခန်း တံခါးကို ဖွင့်လိုက်တော့...

"Lin Chi"

Lin Chi လက်ထဲမှာကိုင်ထားသည့် စာရွက်ကြောင့် သူ့မျက်လုံးတွေ ပြာသွားသည်။

"ပါးပါး"

Lin Chi က မျက်ရည်တွေဝဲကာ သူ့ကို ကြည့်ပြီး..

Where is my Daddy?? (Completed)Where stories live. Discover now