Yiboရဲ့ ကမ္ဘာကြီးဟာ ခဏ ရပ်တန့်သွားသလို ခံစားလိုက်ရတယ်။ မတွေ့ရတဲ့ လေးနှစ်အတွင်းမှာ Xiaozhan က ပို ခန့်ညားလာတယ်။ ဒီလူသားက အသက်ရော ကြီးလာရဲ့လား..။
"Wang Yibo"
"Arr. .ခင်ဗျားက.. "
"Mr. Seanပါ..The King ရဲ့ London ရုံးခွဲ က ဒါရိုက်တာပါ"
"Aww. .Mr. Seanက ခင်ဗျားလား"
"အင်း..ကိုယ် Londonမှာ အလုပ်လုပ်ရင်းနဲ့ အင်္ဂလိပ်နာမည်တစ်ခု ပေးပစ်သွားတာ..ကိုယ့်ရဲ့ တရုတ်နာမည် လဲ မပျောက်စေပဲနဲ့ပေါ့ .."
"Aww. ."
"Wang Yibo က တကယ်တော်တာပဲ..ကိုယ်တို့ နောက်ဆုံး တွေ့ခဲ့တုန်းက ကျောင်းပြီးခါစပဲ ရှိသေးတာ..အခုတော့ Company ပိုင်ရှင် ကြီး ဖြစ်နေပြီ"
"ကြိုးစားမှု့နဲ့ ကံတရားကြောင့်ပါ..ကျွန်တော့် ကို မချီးကျူးပါနဲ့"
"ကောင်းပါပြီ..ဒါနဲ့..Yishin ရောနေကောင်းရဲ့လား"
"ကျဲက ဆုံးသွားပါပြီ"
"ဘယ်လိုဖြစ်တာလဲ"
"မိန်းကလေး ရောဂါကြောင့်ပါ."
"Aww. .ကိုယ်စိတ်မကောင်းပါဘူး Wang Yibo"
"ရပါတယ်..ကျွန်တော် တို့ အလုပ်ကိစ္စပြောကြရအောင် "
"ကောင်းပြီ..ကိုယ်တို့ ဘက်က လိုချင်တဲ့ဟာတွေက.."
အလုပ်ကိစ္စဆွေးနွေးကြ ပြီး ပြီးဆုံးသွားမှ Yiboက Xiaozhan ကို ကြည့်ကာ..
"Xiaozhan ရော..ဒီကို အပြီးပြန်လာပြီလား"
"အင်း..အပြီးတော့ မဟုတ်ပါဘူး..နောက်နှစ်နှစ် လောက်ဆို ကိုယ် Londonကို ပြန်သွားမှာ..အခု ဒီက ရုံးမှာ ဒါရိုက်တာ ရာထူးက လွတ်နေတော့ ကိုယ် ခဏ တာဝန် ယူပေးနေတာ.."
"Aww. "
Xiaozhan သူ့အိတ်ထဲက တစ်စုံ တစ်ခုကို ထုတ်လိုက်ကာ Yiboရှေ့ ချပေးလိုက်သည်။
"ဒါက..."
"ကိုယ့် ဖိတ်စာပါ"
ဖိတ်စာလေးကို ကိုင်ထားသည့် Yiboလက်တွေက အနည်းငယ်တုန်ယင်လာသည်။
"Xiao. .Xiaozhan က လက်ထပ်တော့ မှာလား"
"မင်္ဂလာပွဲ တော့ မဟုတ်ဘူး..စေ့စပ်ပွဲပါ..ပိတ်ရက် ဆိုတော့ Yibo လာဖို့ အဆင်ပြေမယ် ထင်တယ်.လာပေးလို့ ရမလား"