Part- 17

8.3K 873 33
                                    

"Xiao Tan. .Tan Ge. .Tan Geနဲ့ မွေးခဲ့တာပေါ့ ဟုတ်လား ကျဲ"

"ဟုတ်တယ် Zhanzhan "

"ဒါပေမဲ့ Tan Geက အခု.."

Xiaozhan က မျက်နှာပျက်သွားပြီး ပြောလက်စ စကားကို ရပ်လိုက်သည်။ Yibo က Xiaozhan နဲ့ Yan Li ပြောနေသည့်စကားတွေကို တစ်လုံးမှ နားမလည်သောကြောင့် Xiaozhan ဘက်ကို လှည့်ကာ

"Xiaozhan ဘာတွေလဲ..အဲ့ဒီ Xiaotan က ခင်ဗျားအစ်ကိုလား..သူက အခုဘယ်မှာလဲ ကျွန်တော့်ကို ပြောပါဦး..ပြီးတော့ Doctor  ကျဲက ဘယ်လိုဖြစ်ပြီး အဲ့လူကို ရွေးလိုက်ရတာလဲ ဆိုတာ ပြောပါဦး"

"Xiaotanက ကိုယ့်အစ်ကို တစ်ဝမ်းကွဲ.. သွေးကင်ဆာ ဖြစ်နေတဲ့သူပေါ့..သူ ဆုံးသွားတာ ငါးနှစ်ရှိပြီ"

"ဒါ...ဒါဆို Lin Chi လေးရဲ့ အဖေအရင်းက မရှိတော့ဘူးပေါ့"

Yiboရဲ့ ဝမ်းနည်းသွားသည့် မျက်နှာကြောင့် Xiaozhan က Yiboပခုံးလေးကို အသာပုတ်ပေးကာခေါင်းကို ရမ်းပြတယ်။ Yan Li က Yiboကို စိတ်မကောင်းစွာ ကြည့်ပြီး..

"Yishin က ဘာလို့ ဆုံးဖြတ်ချက်ပြောင်းလိုက်ရလဲ ဆိုတာ ကျဲလဲ မသိဘူး..သူ မလုပ်တော့ ဘူးလို့ ပြောတဲ့နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် Xiaotan က ရောက်လာပြီး ဒီလောက မှာ သူ့သွေးသားကို ချန်ခဲ့ချင်တယ်ပြီး ပြောတယ်..Yishin ကလဲ Zhanzhan ရဲ့ အစ်ကို တစ်ဝမ်းကွဲ မှန်းသိတော့ လက်ခံလိုက်တာ"

"ကိုယ်နဲ့ Tan Geက ရုပ်ချင်းလဲဆင်တယ်..သွေးအမျိုးအစားချင်းလဲတူသလို Allergic ရှိတာချင်းလဲ တူတယ်"

"ဒါကြောင့်..ခင်ဗျားနဲ့ Lin Chi နဲ့က တော်တော်တူနေတာကို..အားလုံး ရှင်းသွားပေမယ့် ကျဲ ဘာလို့ ဆုံးဖြတ်ချက်ပြောင်းလိုက်ရလဲဆိုတာ ကျွန်တော် မသိလိုက်ရဘူး..ပြီးတော့ ကျွန်တော့်ကို ဘာလို့ ဖုံးကွယ်ရတာလဲ"

Yan Liက Yiboကို ကြည့်ကာ

"Yishin မဆုံးခင် Yibo ကို တစ်ခုခု မှာခဲ့တာများမရှိဘူးလား"

Yan Li စကားကြောင့် Yibo က သူ့ဦးနှောက်တွေကို အလုပ်ပေးလိုက်သည်။

"ကျဲ...ကျဲက ဘာမှာခဲ့လဲ..သူ့ပစ္စည်းတွေကို သေချာသိမ်းဖို့..Lin Chi ကို စောင့်ရှောက်ဖို့...ပစ္စည်းတွေ..ကျဲရဲ့ ပစ္စည်းတွေထဲမှာ တစ်ခုခုများ ရှိနေမလား"

Where is my Daddy?? (Completed)Where stories live. Discover now