"Yibo..Yiboရေ..ချစ်လှစွာသော မောင်လေးရေ"
မနက်စာ စားနေရင်း အစ်မ ဖြစ်သူရဲ့ အသံ ကြားလိုက်ရတာကြောင့်သောက်လက်စ ကော်ဖီတောင် နင်သွားသည်..
ခေါင်းလျှော်ထားပုံ ရသည့် ချစ်လှစွာသော အစ်မဟာ ဆံပင်ရေစို စက်လက် အကျီင်္ဖရိုဖရဲနဲ ဖိုင်တွေနဲ့ အိတ်ကို မနိုင်မနင်း သယ်ကာ ပြေးထွက်လာသည်.
"မောင်လေး..အဟီး"
"ဘာခိုင်းမလို့လဲ...လိုတာပြော..အပိုတွေ လုပ်ပြမနေနဲ့ "
"နင်ဟာလေ..ကြင်နာလို့ကို မရဘူး."
"ကျဲ.. နင့်ပုံစံကို နင် မှန်ထဲ ပြန်ကြည့်လိုက်ဦး..အပျိုလေးဖြစ်ပြီး အဲ့လောက် တောင် ပစ်စလတ်ခတ် နေရလား"
"ဟဲ့.. နင်က ငါ့ကိုဆုံးမရအောင် နင်အကြီးလား ငါ အကြီးလား"
Yiboက သက်ပြင်းကို ချကာ ထိုင်နေရာမှ ထရပ်ပြီး..
"ရုံးနောက်ကျလို့ ငါ့ဆိုင်ကယ်နဲ့ လိုက်ပို့ခိုင်းမို့မလား.."
"အဟီး..ငါ့မောင်လေးက အကြားအမြင်ရနေတာလား.."
"သွားမယ်"
Yiboက ဆိုင်ကယ်သော့ကို ယူကာ ထွက်လာခဲ့သည်..ကျဲ ကို ဆိုင်ကယ်ဦးထုပ် လှမ်းပေးကာ..
"နင် အမြဲ ရုံးနောက်ကျနေတာပဲ..ဘယ်တော့မှ အေးဆေး သွားရ တယ်ဆိုတာ မရှိဘူး"
"ဟဲ့..အရင်နေ့တွေက ဒီလောက်နောက်မကျပါဘူး.ဒီနေ့ပါပဲ..အဟီး..ညက VPN ကျော်ပြီး ကြည့်တာ များသွားလို့"
"ကျဲ..နင် အရှက်မရှိဘူးလား "
"ဟဲ့ ဘာဖြစ်လဲ နင်တို့ ယောကျာင်္း လေးတွေတောင် ကြည့်နေတာပဲ..ငါတို့ မိန်းကလေးတွေ ကြည့်တော့ ဘာဖြစ်လဲ..တရားမပေါက်နေရင် လူတိုင်း က ကျားဖြစ်ဖြစ် မဖြစ်ဖြစ် တဏှာနဲ့ ပဲ ဟဲ့"
"တော်တော့.ကျဲကို ဘာမှ မပြောချင်တော့ဘူး..တက်သွားမယ်"
........
ကျဲတို့ ရုံး ဝန်းထဲ အဝင်ဆိုင်ကယ်ကို အရှိန် နဲ့ ကွေ့ချ လာတုန်း အရှေ့က ဖြတ်လာသည့် လူတစ်ယောက်ကြောင့် အရှိန် လျှော့လိုက်ပေမယ့် ထိုလူကို တိုက်မိမလို ဖြစ်ကာ လဲ ကျသွားသည်..