ကျဲ ရဲ့အသုဘ ကို လာကြတဲ့ လူတွေ အားလုံးပြန်သွားကြပေမယ့် Yiboကတော့ ကျဲ အုတ်ဂူရှေ့မှာ ရပ်နေမိတုန်း..။ ဒီလိုမျိုးသာ ဖြစ်လာမှန်း ကြိုသိခဲ့ရင် နင့်ကို ကလေးမွေးဖို့ အားပေးခဲ့မှာ မဟုတ်ဘူး ကျဲရယ်..။
"သား..Wang လေး"
မားရဲ့ နွေးထွေးတဲ့ လက်တစ်ဖက်က ပခုံးပေါ် ကျလာသည်။ Yibo မားလက်ထဲမှ အနှီးထုပ်လေးနဲ့ သေချာ ထုတ်ထားသည့် ကလေးလေးကို ချီလိုက်သည်။
"သွားတဲ့သူက သွားပြီပဲ သားရယ်..မားတို့ပြန်ကြရအောင်"
"ကျဲသာ ဒီလို ဖြစ်မယ်မှန်း ကြိုသိခဲ့ရင် ကျွန်တော် ကိုယ်ဝန်ဆောင်ခိုင်းခဲ့မှာ မဟုတ်ဘူး မား."
"ဘုရား သခင်က သတ်မှတ်ထားတဲ့ အတိုင်းပဲ သူ နေသွားရတာလေ သားရယ်..မားတို့ ဘာမှ လုပ်ပေးလို့ မရဘူး..သူသက်တမ်းကို ဒီလောက်ထိပဲ သတ်မှတ်ထားတယ်မို့ သူ ဒီချိန်မှာ ထွက်သွားရတာ..ကိုယ်ဝန်ကြောင့် မဟုတ်ပါဘူး သားရယ်"
"မား သိလား..အခု ဒီကလေး ဘယ်လိုလုပ်မလဲ..သူ့အမေက သူ့ကို ထားသွားပြီ..သူ့အဖေကလဲ သူရှိတယ်ဆိုတာတောင် သိတဲ့သူမဟုတ်ဘူး..ကျွန်တော့် တူမလေးက မိဘနှစ်ပါးလုံး မရှိပဲနဲ့.."
Yiboဆက်မပြောရက်တော့ပဲ အံ့ကို ကြိတ်လိုက်သည်။ ထို့နောက် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီး..
"အဲ့လို မဖြစ်စေရဘူး မား..သူ့မှာ မိဘဆိုတာတော့ ရှိရမယ်..ကျွန်တော် က ဒီနေ့က စပြီး ဒီကလေးရဲ့ အဖေပဲ"
"သား..မင်း အဲ့လို လုပ်လို့ မရဘူးလေ..မင်းအသက်ငယ်ငယ်လေးရှိသေးတယ်..မင်း အိမ်ထောင် ပြုရဦးမယ်လေ"
"ကလေးကို လက်ခံ နိုင်တဲ့ မိန်းကလေးဆို ကျွန်တော် လက်ထပ် မှာပါ..တကယ်လို့ ကလေး ကြောင့်အိမ်ထောင် မပြုရဘူးဆိုလဲ ဘာမှ မဖြစ်သွားဘူး..ကျွန်တော် တစ်သက်လုံး ကလေးကို စောင့်ရှောက်ရင်း နေသွားမယ်"
"သားရယ်.. "
.....
ငါးနှစ် ခန့် ကြာသော်..."ပါးပါး"
အိမ်ရာပေါ်မှာ နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် ကောင် လေး တစ်ယောက်ရဲ့ ကိုယ်ပေါ် ခွကာ လေးနှစ် အရွယ် ကလေးမလေး က နှိုးနေသည်။